Culture

Myanmar Stories

Culture

‍ကယားပြည်နယ်၏ မြန်မာ့ယဥ်ကျေးမှု နှင့် လူမျိုးစုရိုးရာဓလေ့များ

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း (၁၄) တွင် အသေးငယ်ဆုံးပြည်နယ် တစ်ခုဖြစ်ပြီး ပထဝီတည်နေရာအရ အလွန်တရာလှပသော ရှုခင်းအမျိုးမျိုးနှင့် ပြည့်နက်နေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ ၎င်းသည် (၁၁၇၃၁) ကီလိုမီတာကျယ်ဝန်းပြီး မြို့တော်မှာ လွိုင်ကော်ဖြစ်သည်။ မြို့တော်လွိုင်ကော်သို့ ရန်ကုန်မှ ၁၁ နာရီခန့်သာ မောင်းရသည်။ ကယားပြည်နယ်အကြောင်း၊ ကယား လူမျိုး တို့ ဓလေ့ ထုံးစံ၊ ကယားဝက်အူချောင်း၊ ကယားအစားအစာနှင့် တံခွန်တိုင်ပွဲတော်များ အကြောင်းများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်....
Culture

စိတ်ဝင်စားဖွယ် ချင်းပြည်နယ်နှင့် လူမျိုးတို့အကြောင်း

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသည့် အရှေ့တောင်အာရှနိုင်ငံများအနက်မှ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဓိကမျိုးနွယ်စုရှစ်စုရှိပြီး ၎င်းတို့မှာ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်နှင့် ရှမ်းတို့ဖြစ်ကြသည်။ မျိုးနွယ်စုအသီးသီး၌ ၎င်းတို့၏ကိုယ်ပိုင် သူမတူထူးခြားသည့်ယဉ်ကျေးမှုများနှင့် ရိုးရာတိုင်းရင်းသားဘာသာစကားများရှိကြသည်။ မြန်မာနိုင်ငံသည် ခမ်းနားကြီးကျယ်သည့် စေတီပုထိုးများ၊ နိုင်ငံသားများ၏သဘောထားကြီးမှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများကြောင့် လူသိများကျော်ကြားသည်။ခရီးသွားများစိတ်ဝင်စားသည့်အတွက် ကြီးကျယ်ခမ်းနားသော သမိုင်းဝင်နေရာများ ၊ရင်သပ်ရှုမောဖွယ်ရာတောင်တန်းရှုခင်းများ၊ ရှေးဟောင်းတိုင်းရင်းသားရိုးရာဓလေ့များနှင့်ပွဲတော်အခမ်းအနားများစွာရှိသည်။ ချင်းပြည်နယ်အကြောင်း ၊ချင်းလူမျိုးများအကြောင်း ၊ ချင်းရိုးရာအစားအစာ ၊ ချင်းရိုးရာပွဲတော်နှင့် တောင်တန်းများ အကြောင်း ဆက်လက်ဖတ်ရှုနိုင်ပါတယ်။