မြစ်ကြီးရဲ့ အနားမှာရှိလို မြစ်ကြီးနားလိုခေါ်တဲ့ ကချင်ပြည်နယ်ရဲ့ မြိုတော်လေးက ရန်ကုန်မြိုနဲ့ ၁၄၈၀ ကီလိုမီတာ ၊မန္တလေးမြို့နဲ့ ၇၈၅ ကီလိုမီတာ အကွာအဝေးမှာရှိပါတယ်။ မြစ်ကြီးနားမြို့ဟာ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ကမ်းပါးပေါ်မှာရှိပြီး မေခနဲ့ မလိခပေါင်းဆုံတဲ့ မြစ်ဆုံနဲ့ ၂၅ မိုင် အကွာမှာရှိပါတယ်။ ရထား၊ ကား၊ လေယာဉ်တိုနဲ့ မြစ်ကြီးနားမြို့ကို သွားလာနိုင်ပြီး မန္တလေး-မြစ်ကြီးနား လေကြောင်းကတော့ ၁ နာရီပဲ ကြာတဲ့အပြင် ကုန်ကျစရိတ်ကလည်း အခြားလမ်းကြောင်းတွေနဲ့ အလွန်ကွာခြားနေတာမျိုး မဟုတ်တဲ့အတွက် လေကြောင်းလမ်းကို ရွေးချယ်ပြီး သွားလာတာအကောင်းဆုံးဖြစ်ပါတယ်။ မြစ်ကြီးနားကို နေ့စဉ် သွားလာနေတဲ့ လေကြောင်းလိုင်း တွေလည်း ရှိပါတယ်

မြစ်ကြီးနားမြိုဟာ မြိုရဲ့ ဓလေ့ရိုးရာ၊ ဘာသာရေး၊ မတူညီတဲ့ လူမျိုးစု၊ ဆွဲဆောင်မှုရှိတဲ့ မြစ်ကမ်းခြေ နဲ့ အနီးတစ်ဝိုက် နေရာများကြောင့် နာမည်ကြီးတဲ့ မြို့တစ်မြို့့ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံစျေးရှိတဲ့ ချစ်စရာ မြစ်ကမ်းဘေးရှိပြီး ရပ်တော်မူ၊ လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကြီးကလည်း မြစ်အလှကို ပိုခမ်းနားသွားစေပါတယ်။ လူဦးရေ ၁၅၀၀၀၀ လောက်ရှိတဲ့ မြစ်ကြီးနားမြိုက နှစ်တော်တော်များကတည်းက တရုတ်- မြန်မာနှစ်နိုင်ငံကြား အရေးပါတဲ့ ကုန်သွယ်ရေး မြိုလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီလိုအချက်အချာကျပြီး လည်စရာများတဲ့ မြစ်ကြီးနားမြို့မှာ နေထိုင်ရင်ဖြစ်ဖြစ် သွားလည်ရင်ဖြစ်ဖြစ် မိသားစု(သို) သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး အပန်းဖြေဖို့ နေရာရှာနေသူတွေအတွက် ဒီဆောင်းပါးလေးကနေ ကိုချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းလိုရမယ့် အကောင်းဆုံးနေရာလေးတစ်ခုကို ပြောပြပေးသွားပါမယ်။

အောင်မြေသာ အပန်းဖြေစခန်း

၂၀၁၅ ခုနှစ်က စတင်လည်ပတ်ခဲ့ကြတဲ့ အောင်မြေသာကတော့ ေတာေတာင်ကြားမှာ သဘာဝအတိုင်းစီးဆင်းေနေတဲ့ စမ်းေချာင်းနေရာလေးမှာ အပန်းဖြေစခန်း ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကျိုင်ကရင်ချောင်းလိုလူသိများတဲ့ အောင်မြေသာ စမ်းချောင်းက တစ်ချိန်က မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓာတ်အား  ပေးဆောင်တဲ့ Krang Kran ဓာတ်အားပေးစက်ရုံ၏ ကျန်ရှိနေတဲ့ ပထမဆုံးသော နေရာဖြစ်ပါတယ်။ကျိုင်းခရန်ချောင်းမှ ရေက ရေချိုဖြစ်ပြီး အလွန်ကောင်းသော PH အဆင့်ရှိတဲ့  ရေဖြစ်တာကြောင့် မြစ်ကြီးနားမြို့ကို ရေပေးဝေနေပါတယ်။ ချောင်းထဲကရေက လတ်ဆတ်ပြီး ကြည်လင်နေတာကြောင့် နွေရာသီမှာလာေရာက်လည်ပတ်သူတိုင်းအတွက်

 ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သဘာဝရေအရင်းအမြစ်ကောင်းများ ရှိတဲ့ နေရာတစ်ခုကို ရှာဖွေကြသူများအတွက်နွေရာသီ ပူပြင်းလာသောအခါ အပူဒဏ်ကို ရှောင်ရှားရန် အောင်မြေသာက အကောင်းဆုံး နေရာတစ်ခုဆိုလဲမမှားပါဘူး။

                                                                                                                                           အောင်မြေသာ အပန်းဖြေစခန်း

အောင်မြေသာအပန်းဖြေစခန်း ကို ဘယ်လိုသွားမလဲ။

အောင်မြေသာ အပန်းဖြေစခန်းကို ရောက်ဖို့ မြစ်ကြီးနား- ပူတာအို ကားလမ်းကို ဖြတ်ပြီး သွားရပါမယ်။ ၃၈ ကီလိုမီတာ (၂၃.၆မိုင်) အကွာအဝေးရှိပြီး ကားသိုမဟုတ် မော်တော်ဆိုင်ကယ် နဲ့သွားမယ်ဆိုရင် ၄၈ မိနစ် လောက်ကြာပါတယ်။ လမ်းခရီးက သွားလာရလွယ်ကူပြီး တချို့နေရာမှာ ကတ္ထာရာ တချို့နေရာမှာ ကွန်ကရစ်ခင်းထားတဲ့အတွက် စက်ဘီးစီးဝါသနာပါသူများအတွက်လည်း စက်ဘီးနဲ့ သွားလိုကောင်းတဲ့ နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရွာတွေ ဖြတ်သွားတိုင်း ခွေးတွေ နွားတွေရှိတဲ့အတွက် အရှိန်မှန်မှန်နဲ့သတိထားပြီး မောင်းသင့်ပါတယ်။

  ရေကြည်ချောင်းလေး စီးဆင်းနေပုံ

                                                                                                     

အောင်မြေသာမှာ လုပ်လိုရတဲ့ ပျော်စရာကောင်းတဲ့ Activities များ

အောင်မြေသာအပန်းဖြေစခန်းမှာ အေးအေးဆေးဆေး အပန်းဖြေဖို့Activities တွေ အများကြီးရှိပါတယ်။

  •  အကယ်၍ သင်က ရေနက်ပိုင်းမှာ ရေကူးချင်တာ ဒါမှမဟုတ် ရေတိမ်မှာ ရေကစားချင်တာမျိုးဆိုရင် ဝါးရုံတောကိုသွားပြီး ကစားပါ။ ဝါးရုံတောမှာရေကူးဖော့ကွင်းတွေလည်း ငှါးရမ်းနိုင်ပါတယ်။
  • မိုးရာသီမှာဆိုလည်း မြန်မာနိုင်ငံအလယ်ပိုင်း အောက်ပိုင်းအခြားဘယ်နေရာမှာမှ မရရှိနိုင်သော ရေဖောင်အပျော်စီးပ်လို့ရပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ စွန့်စားခန်းတစ်ခုကို ရောက်သွားသလို ခံစားရမှာသေချာပါတယ်တယ်။
  •  အကယ်၍ သင်က ဝိုင်နဲ့ သဘာဝတရားဖြင့်  အေးအေးဆေးဆေး နေလိုလျှင် ဒါမဟုတ် သွားလည်ရန် သင့်တင့်လျောက်ပတ်သော စားသောက်ဆိုင်လိုအပ်ပါက အပန်းဖြေ စားသောက်ရန် ဝါးကဖေးများ ရှိပါတယ်။ ကချင်ရိုးရာအစားအစာနဲ့ အခြားစားစရာများကိုလည်း အပန်းဖြေဆိုင်များမှ မှာယူနိုင်ပါတယ်။ 
  • ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ချင်ရင်တော့ ၂၀၁၄/၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ကေဘယ်ကြိုးတံတားကို သွားပါ။

                                                                                                                                     အောင်မြေသာအပန်းဖြေစခန်းတွင် ရေကစားနေကြပုံ

အကြံပြုချက်များနှင် သတိထားရမယ့်အချက်များ

• အောင်မြေသာအပန်းဖြေစခန်းဟာ ပြည်နယ်သစ်တောများလိုပဲ တောရိုင်းများနဲ့ ဝန်းရံထားတာကြောင့် သွားရောက်လည်ပတ်တဲ့အခါ ေနပူဒဏ်နဲ့ အင်းဆက်ပိုးမွှားတို့ကို ကာကွယ်ရန် အမြဲပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ 

• ေရစီးေကြာင်းများေကြာင့် ခြေဗလာနဲ့ သွားလာရန် ခက်ခဲတဲ့အတွက် ချောင်းထဲမှာလမ်းလျှောက်တဲ့အခါ အပြေးဖိနပ်ဟောင်းများ သိုမဟုတ်ရေစိုခံဖိနပ်ကို ထည့်သွားပါ။

• အောင်မြင်သာကို အပန်းဖြေသွားမယ်ဆိုရင် ဒေသခံဆိုင်တွေမှာ အစားအသောက်တွေ မှာယူအားပေးသင့်ပါတယ်။ ဒေသခံဆိုင်တွေရဲ့စမ်းချောင်းလေး ရည်ရှည်လှပနေဖို သန့်ရှင်းရေးပြုလုပ်ရတဲ့ အဖိုးအခအဖြစ်ရတဲ့ အဓိကဝင်ငွေက လာလည်တဲ့လူတွေဆီက ဖြစ်လိုပါ။ 

• နောက်ဆုံးအချက်အနေနဲ့ ချောင်းထဲတွမှာ အမှိုုက်မပစ်ဖို၊ ပုလင်းအလွတ်များကို မချန်ထားခဲ့ဖိုနဲ့ ပုလင်းများကို ခွဲမသွားဖိုလည်း အလွန်အရေးကြီးပါတယ်။

Posted
May 25, 2022