စည်ကားလှသော မြန်မာပြည်ကြီးတွင် လူတွေသွားလာလှုပ်ရှားတဲ့အချိန်အတိုင်း အဝါဖျော့ဖျော့အရောင်လေးများကို ကျွန်တော်တို့ တွေ့မြင်နိုင်မှာဖြစ်ပါသည်။ တချို့သော သူများမှ သစ်ရွက်များကဲ့သို့ လှပစွာလိမ်းချယ်ကြပြီး တချို့သူများမှ မျက်နှာ တခွင်လုံး ပေါ့ပေါ့ဆဆ လိမ်းချယ်ကြပါသည်။ များသောအားဖြင့် ပါးနှစ်ဖက်ပေါ်တွင် အဝါရောင် စက်ဝိုင်းပုံသဏ္ဍာန်လေးများကို တွေ့မြင်ရမှာဖြစ်ပြီး ထိုအရာများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသော သမိုင်းကြောင်းဖြင့် အထင်ရှားဆုံး ဂုဏ်ဒြပ်များလည်း ဖြစ်သည့် သနပ်ခါးဖြစ်ကြောင်း သံသယ ရှိစရာ မဟုတ်ပေ။ 

သနပ်ခါးကို အစောဆုံး စာပေတွင် ဖော်ပြခြင်းခံရသည့် ၁၄ရာစုနှစ်မှ ရာဇဒရဇ်မင်း လက်ထက်ကတည်းက နေ့စဉ်မရှိမဖြစ်လိုအပ်သည့်  အရာအဖြစ် ထွန်းကားခဲ့ပြီး ယနေ့တိုင် ကျား/မ၊ ကလေးငယ်များအားလုံးမှ ကြိုက်နှစ်သက်သည့် အရာဖြစ်ခဲ့ပါသည်။ ၎င်းသည် ခေတ်မှီ အလှကုန်ပစ္စည်းများနှင့် ဆန့်ကျင်၍ အချို့သော နေရာများကို ထင်ပေါ်စေခြင်း သို့မဟုတ် အရေးအကြောင်းများကို ဖုံးဖိခြင်းများ မဖြစ်စေဘဲ တောက်ပမှု၏ ထင်ရှားသော ဗဟိုချက်တစ်ခုအဖြစ် လုပ်ဆောင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင်သာ ပေါက်ရောက်သည့် သနပ်ခါးပင်၏ အခေါက်ကို ကိုင်ရင်း ကျောက်ပြင်ပေါ်တွင် သွေးလိုက်ပါက သနပ်ခါးမှ ရရှိသော ချိုမြိန်သော ရနံ့ကို ရရှိမှာ ဖြစ်ပါသည်။ 

သနပ်ခါးလိမ်းခြယ်ထားသော မိန်းခလေး 

ကြည်လင်တောက်ပသော အသားအရည်ကို လိုချင်ပါသလား။ ကုထုံးရလဒ်များ အတွဲလိုက် ရှာနေပါသလား။ အဝေးကြီး ရှာနေစရာမလိုပါ။ သနပ်ခါးသည် အလှကုန် ပစ္စည်းဖြစ်ရုံသာမက ဝက်ခြံများ၊ နေရောင်ခြည်ကာကွယ်ခြင်း၊ အဖုများ၊ ငှက်ဖျားရောဂါ၊ ဝက်ရူးပြန်ရောဂါ နှင့် အခြားသော အနာများကိုပါ တိကျမှန်ကန်သည့် သက်သာသော ရလဒ်များကို ပေးနိုင်ပါသည်။ လေ့လာမှုတစ်ခုမှ သနပ်ခါးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် အင်္ဂါရပ်များ ပါ၀င်ကြောင်း မှတ်တမ်းတင်ထားသဖြင့် ဆေးဘက်ဆိုင်ရာ သုသေတနများ ဆက်လက်ပြုလုပ်ရာတွင် ရုက္ခဗေဒအသုံးအနှုန်းများအရ ‘limonia acidissima’ ဟု အမည်ရှိသည့် သနပ်ခါးပင်တွင် အဆိုပါ အင်္ဂါရပ်များ ပါဝင်ကြောင်း အတည်ပြုခဲ့ပါသည်။ ပန်းသီးနှင့် သနပ်ခါးအား တွဲဖက်စားခြင်းကိုကို ရှောင်ကြဉ်ပါက သနပ်ခါးမှ ဘေးအန္တရာယ်မပေးနိုင်ကြောင်း ဒေသခံများမှ ယုံကြည်ကြပါသည်။ 

ရှေးအစဉ်အဆက်များက ပိုသန့်ရှင်းသည်ဟု ယူဆရသည့် သနပ်ခါးတုံးကို လိမ်းချယ်ကြသော်လည်း ယနေ့ခေတ် ခေတ်မီ ပြုပြင်ပြောင်းလဲမှုများကြောင့် သနပ်ခါးခရင်မ်၊ lotion သို့မဟုတ် အမှုန့်များအား အသုံးပြုခြင်းသည်  ရိုးရာနည်းဖြင့် သွေးလိမ်းခြင်းများထက် အဆပေါင်းများစွာ ပိုမိုထိရောက်ပြီး ကုန်ကျစရိတ် ပိုမို သက်သာပါသည်။ ရွှေပြည်နန်း၊ ရွှေဘိုသနပ်ခါး ကဲ့သို့သော လုပ်ငန်းစုများမှ လူငယ်များအား ပိုမိုဆွဲဆောင်သော်လည်း မလုံလောက်ပေ။ နိုင်ငံခြားဖြစ် ပစ္စည်းများ ပိုမိုအားကောင်းပုံရပြီး လူဦးရေများစွာသော အထူးသဖြင့် လူငယ်များမှ  ခေတ်မှီသော မိတ်ကပ်များအစား သနပ်ခါးကို သုံးစွဲရန် ငြင်းဆိုကြသကဲ့သို့  အချို့သော လုပ်ငန်းခွင်များတွင် မသင့်လျော်ဟုလည်း ယူဆကြသည်။

သနပ်ခါးလုပ်ငန်းများ ရပ်တန့်နေစဉ် သနပ်ခါးဈေးကွက်သည် ဈေးနှုန်းများ ကျဆင်းခြင်းနှင့် ရောင်းလိုအား ကျဆင်းခြင်းများကဲ့သို့သော ၎င်း၏ ကိုယ်ပိုင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ မကြာသေးမှီ နှစ်များအတွင်းတွင် သနပ်ခါးသည် ကြီးထွားမှုနှေးကွေးပြီး လျင်မြန်စွာ မရိတ်သိမ်းနိုင်သောကြောင့် သနပ်ခါးပင်များကို အစားထိုးသီးနှံများအဖြစ်် ပြောင်းလဲစိုက်ပျိုးခဲ့သည်။ ဝယ်သူနည်းပါးခြင်းကြောင့်လည်း တန်ဖိုးများ ကျဆင်းလာခဲ့သည်။ ထို့ကြောင့် ရောင်းလိုအားနည်းပါးခြင်းနှင့် ဈေးနှုန်းနိမ့်ကျခြင်း၏ ဆိုးရွားသောသံသရာကို ဖန်တီးစေပြီး နိဂုံးချုပ်အားဖြင့် ယနေ့လူ့အဖွဲ့အစည်းတွင် သနပ်ခါး၏ သက်တမ်းကို ထိခိုက်စေပါသည်။

သနပ်ခါးလိမ်းခြယ်၍ အက ဖျော်ဖြေသူများ

မြန်မာနိုင်ငံ ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်တွင် လှုပ်ရှားမှုတွင် UNESCO ၏ "Intangible Cultural Heritage- မထိတွေ့နိုင်သော ယဉ်ကျေးမှု အမွေအနှစ်" တွင် သနပ်ခါးကို ထည့်သွင်းရန် ကြိုးပမ်းသကဲ့သို့ မြန်မာလူမျိုးများ အနေဖြင့် မိမိတို့၏ စစ်မှန်သော ရိုးရာယဉ်ကျေးမှုများ တိုးတက်အောင် ဆောင်ရွက်ရန်မှာ မိမိတို့၏ တာဝန်ရှိမှု အထူးသဖြင့် မိမိတို့၏ နေ့စဉ်ဘဝတွင့် ဖြစ်သင့်ပါသည်။ တိုးပွားလာသော နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများမှ သနပ်ခါးအား အလှကုန်ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုလာသကဲ့သို့ သနပ်ခါးသည် နံရံဆေးရေးပန်းချီများ၏ သက်သေအထောက်အထားအဖြစ် ပုဂံခေတ်ကတည်းကပင် အသုံးပြုလာကြသည့်ကျွန်ုပ်တို့ဒေသအတွက် အဖိုးတန်သော ပိုင်ဆိုင်မှုဖြစ်သည့်အတွက် ၎င်းအား ပိုမို တွင်ကျယ်လာအောင် ပိုမိုတောက်ပလာအောင် ကြိုးစားသင့်ပေသည်။ 

သနပ်ခါးကျောက်ပြင်၊ သနပ်ခါးတုံးဖြင့် သနပ်ခါးသွေးထားပုံ

အနုပညာရှင်များနှင့် ကျော်ကြားသော နာမည်ကြီး ပုဂ္ဂိုလ်များမှ သနပ်ခါးပိုမိုလိမ်းခြင်း သို့မဟုတ် သနပ်ခါး၏ ကောင်းကျိုးများကို လူထုမီဒီယာများပေါ်တွင် ဖော်ပြခြင်း သို့မဟုတ် ခရီးသွားဆိုင်ရာ ကဏ္ဍများတွင် ဖော်ပြခြင်းများဖြင့် သနပ်ခါးအား ထူးခြားစွာ ပြန်လည် ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ သနပ်ခါးကို စာပေ သို့မဟုတ် ဂီတသို့ ပြန်လည်ပေါင်းစည်းခြင်းသည် အသစ်သော စိတ်ပါဝင်စားမှုကို ဖြစ်ပေါ်စေသည်ဟူသော ဆိုရိုးစကားမရှိပါ။ သဘာဝအလှကုန်သည် အံ့ဩစရာဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုက်အဝန်း အပြောင်းအလဲများကြားမှ လူမှုရေး သို့မဟုတ် စီးပွားရေးအခြေအနေများ မည်သို့ပင်ရှိစေကာမူ မြန်မာလူမျိုးများကြားတွင် မြန်မာ့ ဓလေ့အဖြစ် ရှိနေဆဲဖြစ်သည်။ ခြုံပြောရမည်ဆိုပါက ရာစုနှစ်များစွာ သက်တမ်းရှိသော သနပ်ခါးသည် အလှဆင်ခြင်းအဖြစ်ရော မြန်မာ့ယဉ်ကျေးမှုအဖြစ်ရော နောင်နှစ်ပေါင်းများစွာ ကြာရှည်လာမည်မှာ သေချာပါသည်။

Author : Hnin

Posted
Jul 15, 2022