စိတ်ဝင်စားဖွယ် အင်းတော်ဝယ်

အင်းတော်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင်တည်ရှိသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ မြန်မာနိုင်ငံအပေါ်ပိုင်းရှိ ကချင်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိပြီး အရသာရှိသော အစားအသောက်များ၊ သာယာသော အင်းတော်ကန်နှင့် သမိုင်းဝင် နေရာများစွာ ရှိပါသည်။

(၁) အင်းတော်ဒေသမှ အရသာရှိသော အစားအသောက်များ

ချစ်စရာကောင်းေသာ အင်းတော်ဒေသတွင် အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဒေသထွက်အစားအစာများစွာရှိပါသည်။ စျေးနှုန်းလည်း သက်သာပြီး စားဖူးသူတိုင်းစွဲငြိစေသော အစားအစာများစွာရှိပါသည်။ ၎င်းတို့ထဲမှ အကောင်းဆုံးအစားအစာ (၃) မျိုးမှာ အင်းတော်ငါးကြီးချဉ်၊ ဟင်းပေါင်း နဲ့ ဆန်တို့ဟူး တို့ပဲဖြစ်ပါတယ်။

အင်းတော်ငါးကြီးချဉ်

အင်းတော်ငါးကြီးချဉ်သည် အရည်အသွေးကောင်းမွန်သည့်အတွက် ထင်ရှားကေျာ်ကြားသည်။ ငါးလေးချဉ်နဲ့ ငါးကြီးချဉ်ဟူ၍ နှစ်မျိုး ရှိသည့်အနက် ငါးကြီးချဉ်သည် ပိုစားကောင်းသည်ဟု ပြောကြသည်။ ငါးချဉ်ပြုလုပ်ရာတွင်  ငါးနှင့် ထမင်းကို ရောနယ်ပြီး အချဉ်ဖောက်၍ နှစ်ရက်သုံးရက်ထားရပါသည်။ ၎င်းနောက် ငှက်ပျောရွက်၊ အင်ရွက်တို့ဖြင့် တင်းကျပ်စွာ ပတ်၍ အထုတ်ကလေးများ ပြုလုပ်ရပါသည်။ ငါးချဉ်သည် လက်ဆောင်ပေးရန် အကောင်းဆုံးအစားအစာ တစ်ခု ဖြစ်ပါသည်။

C:\Users\Hp\Desktop\story competition\FB_IMG_1636981290138.jpg
အင်းတော်ငါးကြီးချဉ်
C:\Users\Hp\Desktop\story competition\65786260_1062098170646468_6713434419413123072_n.jpg
အင်းတော်ငါးကြီးချဉ်
C:\Users\Hp\Desktop\story competition\pickled fish.jpg
အင်းတော်ငါးကြီးချဉ်

ဟင်းပေါင်း

ပါဝင်ပစ္စည်းများဖြင့် ဒေသစတိုင် ချက်ပြုတ်ထားသော ဟင်းပေါင်းသည် အလွန် အရသာရှိလှသည်။ ပထမဆုံး မိမိတို့ ကြိုက်နှစ်သက်သော ဟင်းသီးဟင်းရွက်များနှင့် ပါဝင်ပစ္စည်းအစုံအလင်ကို စုစည်းထားရမည်။ ၎င်းနောက် ဆီ၊ ဆား၊ ကြက်သားမှုန့်၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်နီတို့ကို ထည့်၍ အသီးအရွက်များကို အစပ်တည့်အောင် ဆန်မှုန့်နှင့် ရောနယ်ထားပါ။ နောက်ပြီး အောက်က ပေါင်းခံအိုးတစ်ခုခံပြီး အိုးထဲတွင် ထည့်ချက်ပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်ခန့်ကြာသော် မွေးကြိုင်ပြီး အရသာရှိသော ဟင်းပေါင်းကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။ ဟင်းပေါင်းကို ကသာမှ အပြန်လက် ဆောင်အဖြစ်သယ်သွားလို့ မရသော်လည်း အိမ်မှာကိုယ်တိုင်ပြုလုပ်စား ၍ ရပါသည်။ ထို့ကြောင့် ကသာရောက်ရင်လည်း ဟင်းပေါင်းကို မြည်းဖို့ မမေ့နဲ့ဉီးနော်….

C:\Users\Hp\Desktop\story competition\FB_IMG_1636975852217.jpg
ဟင်းပေါင်း
C:\Users\Hp\Desktop\story competition\20201231_163824.jpg
ဟင်းပေါင်း
C:\Users\Hp\Desktop\story competition\20210928_151409.jpg
ဒေသအစားအစာ ဟင်းပေါင်း

ဆန်တို့ဟူး

ဆန်တို့ဟူးသည် ဒေသထွက် အစားအစာ စစ်စစ်ဖြစ်ပြီး ရှေ့ကဖြတ် လျှောက်သူတိုင်းကို မွေးကြိုင်သော အနံ့နှင့် ဆွဲဆောင်နိုင်သည်။ အခြားထင်ရှားသော အစားအစာများမှာ ဆန်၊ခေါက်ဆွဲနှင့် ဆီတို့ဟူး တို့ ဖြစ်ပါသည်။ ၎င်းတို့သည် သရေစာ အစားအသောက်များ ဖြစ်သည့်အတွက် ပြုလုပ်ရလွယ်ကူပြီး စျေးနှုန်းလည်း ချိုသာပါသည်။ ဒေသခံများပါမက လာရောက်လည်ပတ်သူများပါ နှစ်ခြိုက်ကြသော ဆန်တို့ဟူးနှင့် ဆန် ခေါက်ဆွဲများကို အင်တာနက်မှ ရှာဖွေကြည့်ရှု၍ သော်လည်းကောင်း၊ ဒေသခံများကို မေးမြန်း၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်နိုင်ပါသည်။

C:\Users\Hp\Desktop\story competition\FB_IMG_1636981477574.jpg
အရသာရှိသော ဒေသထွက် ဆီတို့ဟူး
C:\Users\Hp\Desktop\story competition\FB_IMG_1636969041914.jpg
အရသာရှိသော ဒေသထွက် ဆီတို့ဟူး
C:\Users\Hp\Desktop\story competition\20210131_121654.jpg
အရသာရှိသော ဒေသထွက် ဆီတို့ဟူး
C:\Users\Hp\Desktop\story competition\FB_IMG_1636969047632.jpg
အရသာရှိသော ဒေသထွက် ဆီတို့ဟူး

(၂) အင်းတော်ကန်

အင်းတော်ကန်သည် အင်းတော်မြို့နှင့် ၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးကန်ဖြစ်ပြီး ၁၉၇၅.၇၁ ဧက ကျယ်ဝန်းပါသည်။ လူသိနည်းသော်လည်း ဒေသခံများ၏ လူနေမှုဘဝများအတွက် ကောင်းသော အကျိုးကျေးဇူးများကို ယူဆောင်ပေးပါသည်။ ကြည်လင်သော ရေနှင့် စိမ်းလန်းသော သဘာဝပတ််ဝန်းကျင်ရှိသည့်အတွက် ခရီးသည်များကို စိတ်ကြည်နူးစေပါသည်။ ဒါကြောင့် ခရီးသည်များအနေဖြင့် အင်းတော်ဒေသရှိ အဆိုပါ ရေကန်ကို သွားရောက်အပန်းဖြေရင်း လတ်ဆတ်သောလေနှင့် သဘာဝအလှတရားများကို ခံစား နိုင်ပါသည်။

C:\Users\Hp\Desktop\story competition\65651458_1062098310646454_5945600554443997184_n.jpg
အင်းတော်ကန်မြင်ကွင်း
C:\Users\Hp\Desktop\story competition\indaw-lay-lake-indaw 2.jpg
အင်းတော်ကန်မြင်ကွင်း
C:\Users\Hp\Desktop\story competition\indaw-lake 1.jpg
အင်းတော်ကန်မြင်ကွင်း

(၃) အင်းတော်မြို့နယ်ရှိ မန်လည်ဒေသ

မန်လည်ဆရာတော်၏ ဂုဏ်သတင်းကြောင့် အင်းတော်ဒေသသည် ခရီးသွားပြည်သူများ အကြား ထင်ရှားသော သမိုင်းဝင် ဒေသတစ်ခုဖြစ်လာပါသည်။ ၎င်းသည် အင်းတော်မှ ၄ မိုင် အကွာတွင် တည်ရှိပါသည်။ မန်လည် ဆရာတော်သည် မြန်မာသက္ကဇ် ၁၂၈၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပြီး သူ၏ အသက်မဲ့သော ခန္ဓာသည် မပုပ်မသိုးပဲ ကျန်ရှိနေပေသည်။ ယခုဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးရွှေရည်များ သုတ်လိမ်းထားပြီး ရွှေရောင်ခန္ဓာ ဖြစ်နေပါသည်။ ဆရာတော်ဘုရားကြီး၏ ထူးချွန် ထက်မြက်သော အရည်အချင်းနှင့် တရားစာပေများကြောင့် လူအများက အလွန်လေးစားကြည်ညိုကြပြီး အင်းတော်ဒေသသို့ လာရောက်ဖူးမြော်လည်ပတ်ကြပါသည်။ ဤသို့ဖြင့် စိတ်ဝင်စားဖွယ်ရာ အမွေအနှစ်များ ရှိသည့် မန်လည်ဘုရားကျောင်းသို့လည်း သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုက်ရပါသည်။

အခြားစိတ်ဝင်စားဖွယ်ရာ ခရီးသွားဆွဲဆောင်မှုများ

  • ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင် ( အင်းတော်မှ မိနစ် ၃၀ ခန့် ကွာဝေးပါသည်)
  • အင်းတော်နှင့် ဗန်းမောက်ဒေသများရှိ ကဒူလူမျိုးများ၏ ရိုးရာဓလေ့နှင့် နေထိုင်မှုပုံစံများ
  • အင်းတော်မြို့နယ်တခွန်တိုင်ရွာရှိ သစ်တစ်လုံးထဲမှ ထွင်းထုထားသော လှေကြီး
  • ရိုးရာအစားအစာများ
  • ဒေသ၏ အခြားသော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

Posted
Jun 9, 2022