မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ခေတ်ဟောင်းအဝတ်အစား၊ ဖက်ရှင်များ၊ တစ်ပတ်ရစ်များ ပြန်လည်ရောင်းချခြင်းကို ဘေလုပ်ငန်းဟုခေါ်ကြသည်။ ထိုအဝတ်အထည်၊ ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းသောအခါ ကြီးမားသော အထုတ်အပိုးပုံစံဖြင့် တင်သွင်းကြသောကြောင့် ဘေထည်၊ (ဘေအဝတ်အထည်) များဟုလည်းခေါ်ကြသည်။ ထိုအထုတ်များတွင် အမျိုးမျိုးသော ဖက်ရှင်ဆိုင်ရာပစ္စည်းများ၊ အလှအပဆိုင်ရာပစ္စည်းများ၊ လူ့အသုံးအဆောင်များ ပါဝင်ကြပြီး တစ်ခါတရံတွင် ကမ္ဘာအဝန်းမှ နာမည်ကြီးကုမ္ပဏီများ၏ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်သော ရှားပါးပစ္စည်းများပင် ပါလာတတ်ကြသည်။ ယခုကဲ့သို့ ဘေဆိုင်များ၊ တစ်လက်ကိုင်၊ တစ်ပတ်ရစ်ဆိုင်များသည် စကော့တလန်နိုင်ငံမှ စတင်ခဲ့ပြီး ယခုအခါတွင် နိုင်ငံအများစု၌ တွေ့ရှိနိုင်နေပြီဖြစ်သည်။ 

Woman Selecting Vintage Fashion in a Second Hand Clothing Shop

ဘေလုပ်ငန်းအပေါ်  မြန်မာလူမျိုးများ၏ အမြင်

ယခင်အချိန်အခါတုန်းကမူ မြန်မာလူမျိုးများသည် ဘေလုပ်ငန်း၊ ဘေထည်များနှင့် ယခုကဲ့သို့ အကျွမ်းတဝင် ရင်းနှီး၊ အသုံးပြုမှုမရှိခဲ့ကြပေ။ ၎င်းတို့အနေဖြင့် ဘေထည်များသည် ဈေးပေါသော ပစ္စည်း၊ အရည်အသွေးနိမ့်သောပစ္စည်း၊ အခြေခံလူတန်းစားများ၊ ငွေကြေးခက်ခဲသောသူများသာ အသုံးပြုသော ပစ္စည်းများဟု မှတ်ယူခဲ့ကြကာ အလယ်အလတ်တန်းစားမှစ၍ သာမန်လူများသည် ဈေးအသင့်အတင့်ရှိသည့် တရုတ်နှင့် ထိုင်းအစရှိသောနိုင်ငံများမှ တင်သွင်းသည့် အထည်များကို ဝတ်ဆင်လေ့ရှိခဲ့ကြသည်။ 

ဘေဖက်ရှင်၊ တစ်ပတ်ရစ်ဖက်ရှင်များ မြန်မာနိုင်ငံတွင် ခေတ်မီလာပုံ

သို့သော် ၂၀၂၁၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းမှုအပြီးတွင် မြန်မာလူမျိုးများ၏ အခြေအနေများ၊ အေတွးအမြင်အယူအဆများ လုံးဝပြောင်းလဲလာခဲ့သည်။ မြန်မာလူမျိုးအများစုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရေးအခင်းသည် တရုတ်အစိုးရနှင့် ပါဝင်ပတ်သက်သည်ဟု ယုံကြည်ကြသောကြောင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ပစ္စည်းများ၊ အဝတ်အထည်များကို မသုံးကြရန်၊ ရှောင်ကြဉ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်ပစ္စည်းများ၊ အထည်များကို ရောင်းချကြသော အသေးစားလုပ်ငန်းများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းဖြစ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့်လည်းကောင်း၊ ဘေလုပ်ငန်းများလုပ်ကိုင်လာခြင်းဖြင့်လည်းကောင်း ပြောင်းလဲ လုပ်ကိုင်လာကြသည်။ 

ခေတ်ဟောင်းဖက်ရှင်များကို မြန်မာလူများတို့ ရွေးချယ်လာကြခြင်း 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် သန်းပေါင်းများစွာသော မြန်မာလူများသည် အလုပ်လက်မဲ့ဖြစ်လာကြပြီး ငွေကြေးအခက်အခဲများ ပိုမိုများပြားလာကာ ၎င်းတို့၏ ဝင်ငွေများ၊ အသုံးစရိတ်များကို ပိုမိုစိစစ်လာရကြသည်။ အကျိုးဆက်တစ်ခုအနေဖြင့် တစ်ပတ်ရစ်အထည်များ၊ ဘေထည်များကို အများစုရွေးချယ်လာကြသည်။ တချိန်တည်းမှာပင် တစ်ပတ်ရစ်အဝတ်အစားများ ဝတ်ဆင်ခြင်းသည် ယခင်ကထင်ခဲ့သလို မဟုတ်ကြောင်းလည်း သတိထားမိလာကြသည်။ ဘေဆိုင် များ၊ တစ်ပတ်ရစ်ဆိုင်များတွင် အသစ်နီးပါးကောင်းသော၊ အရည်သွေးကောင်းသော နာမည်ကြီး ပစ္စည်းများကို တွေ့ရှိလာကြပြီး တချို့အထည်များသည် ပေးရသောဈေးထက် သာလွန်၍ တန်သော အရည်အသွေးကို တွေ့လာကြရသောကြောင့်ဟုလည်း ဆိုနိုင်ပေလိမ့်မည်။ ယခုဆိုလျှင် လူငယ်အ တော်များများသည် စိတ်သက်တောင့်သက်သာဖြင့် ဘေထည်များကို သက်သာသော ဈေးများ၊ ဈေးဆစ်ခြင်းများဖြင့် သေချာရှာဖွေလာနိုင်ပြီး ထိုသို့ရွေးချယ်ဝတ်ဆင်လာခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာကြသည်။ 

မြန်မာနိုင်ငံသို့ ဘေအထုတ်အပိုးများ တင်သွင်းလာကြပုံ

တစ်ပတ်ရစ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကို ကြီးမားသော အထုတ်များဖြင့် တင်သွင်း လာကြပြီး များသောအားဖြင့် ထိုင်းနယ်စပ်ဂိတ်ပေါက်ဖြစ်သည့် မြဝတီနှင့် မဲဆောက်ဂိတ်များမှ လာကြသည်။ ထိုင်းနိုင်ငံမှ ဘေလက်ကားလုပ်ကိုင်သူများ၊ ဘေဒိုင်များသည် နေရာအနှံအပြားမှ တစ်ပတ်ရစ်ပစ္စည်းများကို စုဆောင်းကာ သက်ဆိုင်ရာအရည်အသွေးအလိုက်  အမျိုးအစားခွဲ၍ ကိုယ်ပိုင်တံဆိပ်ရိုက်နှိပ်ကာ မြန်မာနိုင်ငံသို့ တင်သွင်းလာကြသည်။ ထိုသူများမှ တစ်ဆင့် မြန်မာနိုင်ငံက ဒိုင်ကြီးများသည် မြန်မာနိုင်ငံအတွင်းသို့ တစ်ဆင့် ပြန်လည်ဖြန့်ဝေကြလေ့ရှိသည်။ Island, Queen နှင့် TRI အမည်ရှိသော အမျိုးအစားများသည် ထိုင်းမှ မြန်မာသို့ တင်သွင်းသည့် ဘေပစ္စည်းများအနက် ဈေးကွက်ထဲတွင် အတွေ့အများဆုံးသော ပစ္စည်းများဖြစ်ကြသည်။ ထိုဒိုင်ကြီးများ၊ လက်ကားယူသူ များမှတစ်ဆင့် လက်လီရောင်းချသူများက ဝယ်ယူပြီး ပြန်လည်ရောင်းချကြသည်။ အထုတ်တစ်ထုတ် ၏ဈေးနှုန်းသည် ပုံသေသတ်မှတ်၍ မရဘဲ ပါဝင်သောအမျိုးအစား၊ အရည်အသွေးနှင့် အလေးချိန်ပေါ် မူတည်၍ ကွဲပြားသွားသည်။ 

လက်လီရောင်းချသူများ ၎င်းတို့၏အထည်များကို အဆင့်မြှင့်တင်ကြပုံ

လူတော်တော်များများ ဤလုပ်ငန်းအပေါ် စိတ်ဝင်စားလာကြသောကြောင့် လက်လီရောင်းချသူများ သည် ၎င်းတို့ရောင်းချသောပုံစံများကို ဝယ်ချင်စဖွယ်ကောင်းအောင် အဆင့်မြှင့်တင်လာကြသည်။ ယခင်အခါက အထုတ်ဖောက်ပြီးသည်နှင့် ဆိုင်တွင်ချိတ်ဖြင့် တန်းချိတ်ရောင်းခဲ့ကြသော်လည်း ယခု အခါတွင် မရောင်းခင် အထည်သန့်ခြင်း၊ လျှော်ဖွပ်ခြင်း၊ မီးပူတိုက်ခြင်းများပြုလုပ်လာကြပြီး အပြင်မှာ သာမက Online ပေါ်တွင် အထူးသဖြင့် Facebook နှင့် Instagram တွင်ပါ ရောင်းချလာကြပြီး ထုတ်ပိုးမှုပုံစံများကိုလည်း ပြောင်းလဲလာကြသည်။ ယခင်အချိန်ရောင်းချစဉ်ကထက် အလုပ်ပိုလာ သော်လည်း အသွင်ပြင်အသစ်၊ ပုံစံအသစ်သို့ အဆင့်မြှင့်တင်ခြင်းကြောင့် ဈေးလဲပိုမိုတင်လာနိုင်သလို အမြတ်ကိုလဲပိုမိုမျှော်လင့်နိုင်သောကြောင့် ဖြစ်သည်။ 

Second Hand Clothing Store in the Market

ဝယ်သူတွေက စနစ်တကျခင်းကျင်းကာမျက်မြင်တွေ့မျက်မြင်တွေ့င်ရတဲ့အထည်တွေ၊ သန့်စင်ပြီး လှပစွာချိတ်ဆွဲထားသော အထည်တွေအတွက် ပိုက်ဆံပိုသုံးလာကြတယ်

မမျိုး သည် အစိုးရအလုပ် ထွက်ပြီးနောက် ဤလုပ်ငန်းထဲသို့ ဝင်လာသူဖြစ်ရာ ၎င်းနှင့်ပြောဆိုကြည့်ရာတွင် “အထည်တွေကို ဝယ်သူတွေ ပိုမြင်အောင်၊ ပိုကြည့်ကောင်းအောင်း လုပ်နိုင်ရင် ဝယ်သူတွေကို ပိုဆွဲဆောင်နိုင်တယ်။ “ဝယ်သူတွေက စနစ်တကျခင်းကျင်းကာ မျက်မြင်တွေ့ရတဲ့အထည်တွေ၊ သန့်စင်ပြီး လှပစွာချိတ်ဆွဲထားသော အထည်တွေအတွက် ပိုက်ဆံပိုသုံးလာကြတယ်” ဟု ဆိုသည်။ ဥပမာအားဖြင့် ဈေးကွက်တွင် ပကတိဈေး ၂၅၀၀ကျပ်ဖြင့် ရှိသောအထည်အား သေချာသန့်စင်၊ လျှော်ဖွပ်ပြီး သေချာထုတ်ပိုး ရောင်းချပါက ၅၀၀၀ ကျပ်နီးပါး ရောင်းရနိင်ချေရှိသည်ဟု ဆိုသည်။ 

How second hand clothing is sold on social media

ဘေလုပ်ငန်းလုပ်ကိုင်သူများ၏ အခက်အခဲများ 

လုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့်လည်း ၎င်းတို့ကြုံတွေ့သော အခက်အခဲများရှိကြသည်။ မမျိုးပြောသည်မှာ ထိုလုပ်ငန်းသည် ကံဆိုးကံကောင်းပေါ် မူတည်သည်ဟုလည်း ဆိုသည်။ အထုတ်ကြီး ဖြင့် လာသောကြောင့် ၎င်းအတွင်းရှိ ပစ္စည်းများကို မမြင်နိုင်ဘဲ တချို့သော အထုတ်များမှာ လူကြိုက် များသောအထည်များ၊ အထည်သစ်များ ပါတတ်သော်လည်း တချို့မှာမူ ရောင်းမသွက်သော ပစ္စည်းများ၊ အထည်နွမ်းများ ပါလာသည်လည်း ရှိတတ်ပြီး ရောင်းမရသော၊ အရောင်းမသွက်သော အထည်များကို လိုအပ်သောနေရာများ၊ အသုံးလိုသောနေရာများသို့ ပြန်လှူကြလေ့ရှိသောကြောင့် ဘေလုပ်ငန်းရှင်များအနေဖြင့်လည်း ထိုအထုတ်မှ၊ ထိုလုပ်ငန်းမှ သေချာသော အမြတ်ရရှိရန်၊ တွက်ချက်ရန် မသေချာပေဟုလည်း ဆို၏။ 

ကိုရိုနာဗိုင်းရပ်စ်နှင့် ဘေဈေးကွက်

Covid - 19 ဖြစ်ပွားနေချိန်တွင် ဘေလုပ်ငန်းလုပ်ကိုင်ရသည်မှာလည်း အခက်အခဲတစ်ခုပိုမို တိုးလာ ခဲ့ကြသည်။ တစ်ပတ်ရစ်အဝတ်အစားများဖြစ်သောကြောင့် ထိုကာလအတွင်း ဝယ်သူများအနေဖြင့် စိတ်မသန့်ခြင်းများ၊ ရောဂါအခြေအနေကြောင့် သံသရများပိုမိုရှိခြင်းကြောင့် မမျိုးကဲ့သို့ လက်လီ ရောင်းချသူများအဖို့ အထည်များအတွက် သန့်ရှင်းရေးအစ၊ ပိုမိုဂရုစိုက်လုပ်ကိုင်ရသည်။ ထို့အပြင် တချို့သောမြို့များ၊ နယ်များတွင် ကားလမ်းများ၊ ဂိတ်များပိတ်ခြင်း၊ လုံခြုံရေး တင်းကြပ်ခြင်းများ ကြောင့် နိုင်ငံတွင်းပင် ပစ္စည်းများပေးပို့ရသည်မှာလည်း အရင်အချိန်တွေကဲ့သို့ မလွယ်ကူ၊ အခက်အခဲများရှိသည်။ 

ပြည်တွင်းဖြစ်ပစ္စည်းများနှင့် တစ်ပတ်ရစ်ပစ္စည်းများအပေါ် ရွေးချယ်မှု

ပြည်တွင်းဖြစ်ပစ္စည်းများနှင့် တစ်ပတ်ရစ်ပစ္စည်းများအပေါ် ရွေးချယ်မှုသည် ရွေးချယ်သူ၏ အကြိုက်ပေါ်သာမူတည်ပေလိမ့်မည်။ ဆယ်ကျော်သက်နှင့် အသက်နှစ်ဆယ်ကျော် မိန်းကလေးများ အနေဖြင့် သူတို့အတွက် အသက်သာဆုံး၊ အသင့်တော်ဆုံးဖြစ်စေမည့် အဝတ်အထည်များ၊ ပစ္စည်းများ ကိုသာ ဝယ်ယူကြပေလိမ့်မည်။ သို့သော် မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် ပြည်တွင်းဖြစ်ကို အားပေးရန်လည်း လိုအပ်သလို ဘေလုပ်ငန်းများ များပြားလာသည်မှာလည်း ပတ်ဝန်းကျင်ကို တနည်းအားဖြင့် ထိန်းသိမ်းသည့်လုပ်ငန်းလည်းဖြစ်သောကြောင့် လူမှုအဖွဲ့အစည်း အတွက် အကျိုးကျေးဇူး ရှိကြပေသည်။ 

ပြည်တွင်းဖြစ်ကို အား‌‌ပေးပါ

Taunggyi Thrift Shop


Read Eng Version of this story here

Posted
Oct 13, 2022