မကြာသေးမီနှစ်များအတွင်း မြန်မာ့ဖက်ရှင်လောကသည် နိုင်ငံတကာအမှတ် တံဆိပ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ ပိုမိုကျယ်ပြန့်သော ဖက်ရှင်အမြင်များဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော်လည်း မြန်မာ့ အမွေအနှစ်များကို ထင်ဟပ်စေပြီး နိုင်ငံတကာဈေးကွက်များအတွက် ခေတ်မီနေသည့် ပြည်တွင်းရှိ မိန်းကလေးငယ်များအတွက် ရင်သပ်ရှုမောဖွယ်လက်ရာများကို ဖန်တီး ထုတ်လုပ်ပေးနေသည့် ပြည်တွင်း ဒီဇိုင်နာများစွာလည်း ရှိပါသည်။ ဤဆောင်းပါးတွင် မြန်မာနိုင်ငံရှိ တမူထူးခြားပြီး ခေတ်မီသောအဝတ်အစားများအတွက် ပြည်တွင်း ထိပ်တန်း အမှတ်တံဆိပ်ငါးခုနှင့်အတူ ပြည်တွင်းအဝတ်အစား အမှတ်တံဆိပ်များကို မည်ကဲ့သို့ပံ့ပိုးသင့်ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းရှိ ဈေးနှုန်းသင့်တင့်ပြီး ခေါတ်မှီသော ဆိုင်အချို့ 

၁။ PLA  Clothing  

အရည်အသွေးမြင့်ပြီး လှပသော ပြည်တွင်းအမှတ်တံဆိပ် PLA သည် ဖက်ရှင်နှင့်လိုက်လျောညီထွေဖြစ်အောင် အမြဲကြိုးစားနေသည့် မိန်းကလေးများ အတွက် အရည်အသွေးမြင့် မြန်မာအထည်အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ အဖွဲ့ဝင် ၁၅ ဦးပါ စက်ချုပ်အဖွဲ့မှ PLA အတွက် လစဉ် ဒီဇိုင်းအသစ်များကို ထုတ်လုပ်ပေးပြီး အစိတ်အပိုင်းတစ်ခုစီကို ၎င်းတို့၏ကိုယ်ပိုင်စက်ရုံတွင် ဒီဇိုင်းထုတ်ပြီး ပုံနှိပ်ထားသော အထည်များဖြင့် ပြုလုပ်ထားသောကြောင့် အားလုံးကို ထူးခြားသောဒီဇိုင်းဖြစ်သည့် အဝတ်အစားများကို ရရှိနိုင်ပါသည်။ PLA Team သည် ထိုကဲ့သို့ အမျိုးသမီးများ ဉီးဆောင်ပြီး လုပ်ငန်းခွင်တွင် အစဉ်အမြဲဂုဏ်ယူစွာ လုပ်ကိုင်ပါသည်။

၂။ JING's Ready to wear 

Jing's သည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းတိုင်း နာဂတောင်တန်း မြို့ဖြစ်သောလေရှီုးမြို့နယ်မှ နာဂညီအစ်မနှစ်ဦးက ၂၀၂၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ပြည်တွင်းအ၀တ်အထည်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ၎င်းတို့၏ ပွဲဦးထွက်ထုတ်လုပ်မှုတွင် နာဂနှစ်သစ်ကူးပွဲတော်အတွက် ဒီဇိုင်းထုတ်ထားသည့် နာဂလူပုံဖြင့် ရိုက်နှိပ်ထားသည့် နာဂဝတ်စုံနှင့် အင်္ကျီများ ပါဝင်သည်။ JING  Ready -to-Wear သည် အမျိုးသားနှင့်အမျိုးသမီးအတွက် ရိုးရာအဝတ်အစားများကို ဆန်းသစ်သောစတိုင်များဖြင့် ဖန်တီးထားပြီး ၎င်းတို့၏ အရောင်ငါးမျိုးဖြင့် ထုတ်ထားသော sweatpants များသည်  နောက်ဆုံးထွက်ရှိထားခြင်းဖြစ်ပါသည်။

၃။ Noon Couture 

Noon Couture ကို ၀တ်ဆင်ပြီး ခေတ်ရေစီးကြောင်းအတိုင်း မျော်ပါပါ။ နောက်ဆုံးပေါ်ဖြစ်ပြီး တမူထူးခြားသော မြန်မာရိုးရာအဝတ်အစားများကို ၀တ်ဆင် လိုပါက Noon couture သည် သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်မှည အသေအချာပင်ဖြစ်သည်။  ၎င်းတို့ရဲ့ ရှမ်းဝတ်စုံ၊ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံမှာ လူသိများပြီး ဒေသခံအမျိုးသမီးများက အချိန်အခါအမျိုးမျိုးတွင် ၀တ်ဆင်ရန် ၎င်းတို့ကို ရွေးချယ်ကြသည်။ ၂၀၈,၀၀၀-follower ရှိသော Facebook အွန်လိုင်းစတိုးအပြင် ဤပြည်တွင်းထိပ်တန်းဖက်ရှင် အမှတ်တံဆိပ်၏ လက်လီစတိုးဆိုင်များသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့သုံးမြို့၌တည်ရှိသည်။ 

၄။ Mari_wear

ဝယ်ယူသူစိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ ထိပ်တန်း ဦးစားပေးဖြစ်သည့် Mari သည် သင့်အား အချိန်တိုင်းအတွက်စတိုင်ကျပြီးစျေးသက်သာသောအဝတ်များကို အထူးယူဆောင်လာပေးသည့် အဝတ်အထည်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ မိန်းကလေးများ အတွက် ခေတ်မီသော အဝတ်အစားများဖြစ်သည့် Cami အင်္ကျီများ၊ ကွက်သားအင်္ကျီများ၊ ချည်သားနှင့် tube ၀တ်စုံများကဲ့သို့သော နွေရာသီတွင် ဝတ်ဆင်ရန် ခေတ်မီသော အဝတ်အစားများကို ရောင်းချပါသည်။ မီနီစကတ်တွေပဲ ဝတ်ချင်သူတွေအတွက်တော့ ဒီအမှတ်တံဆိပ်က သင့်အတွက် ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

၅။ LAHAMa

LAHAMa သည် အရောင်တောက်တောက်နှင့် ဒီဇိုင်းဆန်းဆန်း အဆင်များကြောင့် လူသိများသည့် အဝတ်အထည်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး 2020 ခုနှစ်တွင် မန္တလေးမြို့၌ အမျိုးသမီးငယ်နှစ်ဦးက စတင်တည်ထောင်ခဲ့သည်။ LAHAMa တွင် ဈေးဝယ်ရခြင်း၏ အကောင်းဆုံးသော အစိတ်အပိုင်းတစ်ခုမှာ ၎င်းတို့ရဲ့ အထည်တိုင်းတွင် Cozy Set၊ Pop Culture သို့မဟုတ် Wild Things ကဲ့သို့သော ချစ်စရာကောင်းသော နာမည်များပါရှိခြင်းဖြစ်သည်။ ၎င်းတို့၏စုစည်းမှုတစ်ခုစီတွင် La Hemera ရဲ့ ဒီဇိုင်းအသစ်တစ်ခုဖြစ်သော 2000 ခုနှစ်များမှ 'Y2K' Print နှင့် လွန်ခဲ့သည့်ဆယ်စုနှစ်များမှ ရောင်စုံ Blouse Print များနှင့် ဖန်တီးထားသည့် mesh tops သည် နွေရာသီနေ့ရက်များအတွက် ပြီးပြည့်စုံစေပါလိမ့်မည်။

ပြည်တွင်းအဝတ်အထည်များဝယ်ခြင်း၏အကျိုးကျေးဇူးများ 

ပြည်တွင်းအဝတ်အထည်များဝယ်ခြင်းသည် သင့်အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိ လူတိုင်းကိုပါ အကျိုးကျေးဇူးဖြစ်စေပါသည်။ ပထမဆုံးအနေဖြင့် အခြားနိုင်ငံ မှသယ်ယူစရိတ်ကုန်ကျမှုကို လျော့ချပေးခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှုကို နည်းသွား စေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျှော့ချပေးနိုင်ပါသည်။ 

ထို့အပြင် ပြည်တွင်းတွင် ဝယ်ယူပါက သယ်ယူပို့ဆောင်ရေးစရိတ်များကို လျှော့ချနိုင် သောကြောင့် သင့်လျော်သောစျေးနှုန်းများဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ပြည်တွင်းဝယ်ယူခြင်းက မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်းတွင်     စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လှုံ့ဆော်ပေးသည့် ဝင်ငွေဖြစ်စေပါသည်။ ဒေသခံ                ဖက်ရှင်ဒီဇိုင်နာများကို သင်ပံ့ပိုးသောအခါတွင် သင်သည် ဒေသတွင်း ဖက်ရှင်ဆိုင်များ နှင့် ၎င်းတို့၏ဝန်ထမ်းများကိုပါ ပံ့ပိုးပေးလိုက်ခြင်းဖြစ်ပါသည်။

ထို့အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့ ၏ဒေသခံ အသိုက်အဝန်း အတွက် ပိုမိုတာဝန်ယူကြပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းများထံ အပိုငွေများ လှူဒါန်းခြင်းကြောင့် သင်ရဲ့ငွေသည် လူမှုအသိုင်းအဝိုင်းများအတွက် အလှူငွေများ တွင်လည်း ပါဝင်သွားပါသည်။

စိတ်ကြိုက်ဝန်ဆောင်မှု

ပြည်သူတွေရဲ့ စတိုင်လ်နဲ့ ယဉ်ကျေးမှုကို ပြည်သူတွေက ကောင်းကောင်းသိတဲ့အတွက် ပြည်တွင်းဖြစ် အဝတ်အစားတွေဝယ်တာက သင့်ကို ပိုကောင်းတဲ့ စိတ်ကြိုက် ဝန်ဆောင် မှုတွေရနိုင်ဖို့ ကူညီပေးပါတယ်။

ပြည်တွင်းအမှတ်တံဆိပ်များကို ပံ့ပိုးရန်နည်းလမ်းများ 

သင့်ပြည်တွင်းအမှတ်တံဆိပ်များကို ပံ့ပိုးရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏ ထုတ်ကုန်များကို ဝယ်ယူခြင်းဖြစ်ပြီး အခြားအထောက်အကူဖြစ်စေနိုင်သော လုပ်ဆောင် ချက်များလည်း ရှိပါသည်။ ဆိုရှယ်မီဒီယာရဲ့ စွမ်းအားကို မမေ့ပဲ ၎င်းတို့၏ ဆိုရှယ်မီဒီယာ ချန်နယ်များတွင် ချိတ်ဆက်ခြင်းဖြစ်ပါသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအတွက် သင်၏ပံ့ပိုးမှုကိုပြသလိုပါက ၎င်းတို့ကို ဆိုရှယ်မီဒီယာပေါ်တွင် လိုက်ခ်လုပ်ပြီး ၎င်းတို့ကို ကြိုက်နှစ်သက်မှုများ ပေးဆောင်ရန် နှင့် ၎င်းတို့က အံ့မခန်းတစ်ခုခုကို လုပ်ဆောင်နေပါက သုံးသပ်ချက်များ သို့မဟုတ် မှတ်ချက်များ ပြုလုပ်ခြင်းဖြင့် ကူညီဖေးမပါ။ သင်အွန်လိုင်းတွင် စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ၎င်းတို့သည် ငွေရှာခြင်း၏ လမ်းကြောင်း မှန်သို့ ဦးတည်စေမည့် လူများစွာနှင့် ချိတ်ဆက်နိုင်စေမည်ဖြစ်သည်။

ကပ်ရောဂါနှင့်အာဏာသိမ်းမှုအတွင်း မြန်မာအဝတ်အထည်အမှတ်တံဆိပ်များ 

မြန်မာနိုင်ငံတွင် ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အာဏာသိမ်းမှုများကြောင့် ပြည်တွင်း အဝတ်အထည်များ ဝယ်ယူမှု မြင့်တက်လာခဲ့သည်။ လူများသည် ပြင်ပနိုင်ငံမှ ဝယ်ယူခြင်းထက် ပြည်တွင်း၌ ပိုမိုသက်သာပြီး ဆန်းသစ်ကာ လိုက်လျောညီထွေရှိသည့် အထည်များကို ဝယ်ယူရန် ပိုမိုဆန္ဒရှိလာသောကြောင့် ဤကာလများ အတွင်း ပြည်တွင်းအမှတ်တံဆိပ်ထောင်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ဤအတောအတွင်း မြန်မာဖက်ရှင်ဒီဇိုင်းသစ်များကို နာမည်ကျော်ကြားသူများ မော်ဒယ်လ်များက ပြည်တွင်းအမှတ်တံဆိပ်များကို အခမဲ့ကြော်ငြာခြင်းဖြင့် စတင်ကြော်ငြာပေးသည့် ခေတ်ရေစီးကြောင်းအသစ်များကိုလည်း တွေ့မြင်လာရသည်။ ဤဆောင်းပါးသည် သင့်အား ပြည်တွင်းထုတ်ကုန်များကို ဝယ်ယူရန်၊ ပြည်တွင်းစီးပွားရေးကို ပံ့ပိုးပေးသည့်အပြင် ခေတ်ရေစီးကြောင်းအတိုင်း နေထိုင်စေရန် လှုံ့ဆော်ပေးမည်ဟု မျှော်လင့်လျက် ….

Posted
Aug 18, 2022