စိတ်ဝင်စားဖွယ် အလှတရားများနှင့် စစ်ကိုင်းဒေသ 

စစ်ကိုင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ဖြစ်ပြီး  စစ်ကိုင်းတောင်ရိုးပေါ်၌ တည်ထားသော ဘုရားစေတီများ၊ဘုန်းကြီး‌ကျောင်းများကြောင့် နာမည်ကျော်ကြားသည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်၊ မြန်မာဘုရင်များ၏ နောက်ဆုံးနန်းတော်တည်ရာ မြို့တော်ဖြစ်သော မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိပြီး မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော စစ်ကိုင်းမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီးလွယ်ကူစွာ ဆက်သွယ်၍ရသော မြို့လည်းဖြစ်သည်။ မန္တလေးမှဆိုလျှင် စစ်ကိုင်းတံတားကိုးဖြတ်၍ တစ်နာရီခရီးသာကြာမြင့်မည် ဖြစ်သည်။ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သည် ဧရာဝတီမြစ်၏ တဖက်တချက်စီတွင် တည်ရှိပြီး စစ်ကိုင်းမြို့သည် တိတ်ဆိတ်အေးချမ်း‌သော မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့မှာတော့ ဖွံ့ဖြိုးပြီး မြို့ပြဆန်သော မြို့တစ်မြို့သာဖြစ်သည်။ ထို့အပြင် စစ်ကိုင်းမြို့သည် အထက်မြန်မာပြည်သို့ ဖြတ်သန်းရာ အဓိကမြို့တစ်မြို့လည်း ဖြစ်သည့်အပြင် မျက်စိပသာဒဖြစ်စရာ၊ လည်ပတ်စရာနေရာများကိုလည်း တွေ့ရှိနိုင်ပါသည်။ 

စစ်ကိုင်းတောင်နှင့် ၎င်းပေါ်ရှိ နာမည်ကြီးဘုရားများနှင့် ဘုန်းကြီးကျောင်းများ 

“စစ်ကိုင်း” ဓါတ်ပုံရိုက်ရန် ကောင်းသောနေရာ 

စစ်ကိုင်းမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာလူမျိုးအများအပြား ပုန်းခိုရာနေရာလည်းဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကိုင်းတောင်ရိုးပေါ်တွင် ဘုန်းကြီးကျောင်းအများအပြားတည်ရှိသည့်အပြင် ၎င်းတောင်ရိုးမှာ အတော်အတန်ရှ ည်လျားပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲသောကြောင့် ဖြစ်သည်။ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဖြတ်သန်းသွယ်တန်းထားသော တံတားသစ်နှင့်တံတား‌ဟောင်းဟူ၍ တံတားနှစ်စင်းရှိရာ မီးရထားလမ်းပါရှိသောတံတားမှာ တံတားအ‌ဟောင်းဖြစ်ပြီး ဧရာဝတီမြစ်ကို ကြည့်ရှုခံစားရန်အတွက်မူ တံတားအသစ်သည် အလွန်တင့်တော်ပေသည်။ 

ဧရာဝတီမြစ်ပေါ် ဖြတ်သန်းသွယ်တန်းသွားသော စစ်ကိုင်းတံတားနှင့် နေဝင်ဆည်းဆာ

စစ်ကိုင်းမြို့ရှိ စစ်ကိုင်းကမ်းနားတွင်လည်း  မြစ်မှလာသော လေပြေအေးများ ခံစားရင်း တောင်တန်းတွေကြားမှ နေဝင်ချိန်ကိုလည်း ခံစားနိုင်သည်။ 

စစ်ကိုင်းမြို့တွင်း လည်ပတ်စရာ နေရာများအများအပြားရှိသည့်အနက် ရုတ်တရက်ကြည့်လျှင် ကြက်ဥနှင့်တူသော ကောင်းမှုတော်ဘုရားကို ၁၇ ရာစုတွင် တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင် ရှည်လျားပြီး အနုပညာလက်ရာမြောက်သော ဉမင်သုံးဆယ်ဘုရားနှင့် ဆွမ်းဦးပုညရှင်ဘုရားတို့သည်လည်း စစ်ကိုင်းမြို့၏ အထင်ကရနေရာများဖြစ်ပေသည်။ များသောအားဖြင့် ရှည်လျားကွေ့ကောက်ပြီး ဓါတ်ပုံရိုက်ချင်စရာကောင်းသော လှေကားထစ်များသည် စစ်ကိုင်းမြို့ကို အခြားသောမြို့များနှင့်မတူအောင် ပုံဖော်ပေးသည်။ 

စစ်ကိုင်းတောင်ပေါ်ရှိ ကောင်းမှုတော်ဘုရား

စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင်ဘုရား

စစ်ကိုင်းတောင်ပေါ်ရှိ ဉမင်သုံးဆယ်ဘုရား

 

ဉမင်သုံးဆယ်ဘုရား၌ ဓါတ်ပုံရိုက်နေသော မိန်းမငယ်တစ်ဦး

နာမည်ကျော် “မန္တလေး”

စစ်ကိုင်းနှင့်မန္တလေးသို့ တစ်နာရီအတွင်း မန္တလေးမြို့၏ အထင်ကရနေရာတချို့ကိုလည်း သွားရောက်လည်ပတ်နိုင်သည်။ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားသို့ စစ်ကိုင်းမြို့မှ ၁၅ မိနစ်အတွင်း၊ မန္တလေးဈေးချိုသို့ မိနစ် ၄၀ အတွင်း၊ မန္တလေးနန်းတော်ရာသို့ ၅၅ မိနစ်အတွင်း သွားရောက်လည်ပတ်နိုင်သည်။ တိတ်ဆိတ်ငြိမ်းချမ်းမှုကို နှစ်သက်ပြီး မြို့ပြ၏ ဆူညံမှု၊ မြို့ပြဆန်သော ဒေသမှ ဝေးကွာချင်သော လူတချို့သည် စစ်ကိုင်းမြို့များတွင် နေအိမ်များဝယ်ပြီး အခြေချနေထိုင်ကြသည်။ 

အင်းဝ

သင့်အနေဖြင့် အင်းဝမြို့နှင့် ၎င်း၏ ခရီးသွားဆွဲဆောင်ရာ နေရာများအကြောင်း ကြားဖူးပါသလား။ မယ်နုအုတ်ကျောင်း၊ မဟာအောင်မြေဘုံစံဘုန်းကြီးကျောင်း၊ ရတနာစံမြေဘုရားဝန်း၊ ဘုရားပုထိုးများ၊ အထက်မြန်မာပြည်၏ အငွေ့အသက်များနှင့် အင်းဝမြို့၏ ဆင်ကြုံးခံတပ်များသည် အင်းဝမြို့ကို တန်ဖိုးဖြတ်သော မြို့၏ အထင်ကရနေရာများ ဖြစ်ကြသည်။ အင်းဝမြို့နှင့် မန္တလေးမြို့ကို ဒုတ္ထဝတီမြစ်ကကာခြားထားပြီး အင်းဝမြို့နှင့် စစ်ကိုင်းမြို့ကို ဧရာဝတီမြစ်က ကာခြားထားပါသည်။ တံတားများမဆောက်လုပ်မီ အရင်ခေတ်ကမူ ‌လှေများကိုအသုံးပြု၍ မြစ်တစ်ဖက်ကမ်းမှ နောက်တစ်ဖက်ကမ်းသို့ ဖြတ်သန်းသွားလာခဲ့ကြသည်။ အင်းဝမြို့သို့ ရေကြောင်းဖြင့် သွားလျှင့် မော်တော်ဘုတ်ဖြင့် ၁၀ မိနစ်၊ ရိုးရိုးလှေဖြင့် ၅ မိနစ် နှင့် စုစုပေါင်း ၁၅ မိနစ်ဖြင့် ဖြတ်သန်းသွားလာနိုင်သည်။

မင်းကွန်း

မင်းကွန်းမြို့သည်သည် ကမ္ဘာတစ်ဝန်းတွင် Instagram ပုံရိုက်သည့်နေရာအဖြစ် မင်းကွန်းမြသိန်းတန်ဘုရားသည် ထင်ရှားသည့်အတွက်သည့်အတွက် လာရောက်လည်ပတ်သူတော်တော်များများ ထိုဘုရားတွင်း ဓါတ်ပုံရိုက်ကြသည်။ ထိုမင်းကွန်းမြသိန်းတန်ဘုရားမှာ အ‌ရောင်အစင်းအားဖြင့် အဖြူရောင်ရှိပြီး လက်ရာမှာလည်း အလွန်ကောင်းမွန်၍ အနုပညာလက်ရာမြောက်လှသည်။ ပိဿာချိန်ပေါင်း ၅၅၅၅၅ ပိဿာအလေးချိန်ရှိသော ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်သော မင်းကွန်းခေါင်းလောင်းကြီးသည်လည်း မင်းကွန်းမြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သည်။ အလွန်တရာကြီးမား၍ ဗိသုကာလက်ရာမြောက်လှသော မင်းကွန်းပုထိုးတော်ကြီးနှင့် ခြင်္သေ့ရုပ်တို့သည်လည်း မင်းကွန်း၏ သင်္ကေတနေရာများဖြစ်ကြပြန်သည်။ ဒါတွေတင်မကသေး မြန်မာနိုင်ငံ၏ အထူးလေးစားစံတင်ရလောက်သည့် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း မင်းကွန်းမြို့တွင် မွေးဖွားသန့်စင်ခဲ့ပြီး မင်းကွန်းမြို့ကို နာမည်ကြီးထင်ရှားစေခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော မင်းကွန်းမြို့သို့သို့ စစ်ကိုင်းမြို့မှ မိနစ် ၄၀ အကြာခရီးဖြင့် ရောက်ရှိနိုင်သည်။ စစ်ကိုင်းမြို့မှ မင်းကွန်းမြို့သို့ သွားရာလမ်းတစ်လျှောက်တွင် ခိုတောင်ခေါက်ဆွဲ ၏ ပင်ရင်းဖြစ်သော ခိုတောင်ရွာလည်း တည်ရှိသဖြင့် ထိုဒေသ၏နာမည်ကြီး ခိုတောင်ခေါက်ဆွဲကိုလည်း မြည်းစမ်းကြည့်သင့်သည်။ 

ဗိသုကာလက်ရာမြောက်မင်းကွန်းပုထိုးတော်ကြီး

ကမ္ဘာ့ဒုတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီး

မင်းကွန်းမြို့တွင် မင်းကွန်းတောင်တန်းရှိရာ ထိုတောင်တန်းနှင့်ပတ်သက်ပြီး မင်းကွန်းမင်းဝန်တောင်အတွင်းတွင် ထွက်ပြေးပုန်းရှောင်ပါက မည်သူမျှ မရှာဖွေ မတွေ့နိုင်ဆိုသော အဓိပ္ပါယ်ဖြင့် ဆိုရိုးစကားတစ်ခွန်းရှိခဲ့သည်။ ထို့ကြောင့် မင်းကွန်းတောင်တန်းသည် စစ်ကိုင်းမြို့မှ မင်းကွန်းမြို့သို့ လည်ပတ်ရာတွင် သွား‌ရောက်လည်ပတ်သင့်သော နေရာတစ်ခုလည်းဖြစ်ပေသည်။ 

မင်းကွန်းရှိ အနုပညာလက်ရာမြောက်လှသော ဆင်ဖြူမရှင်ဘုရားခေါ် မင်းကွန်းမြသိန်းတန်ဘုရား

မင်းကွန်းမြသိန်းတန်ဘုရားပေါ်တွင် ဓါတ်ပုံရိုက်နေသော မိန်းမငယ်တစ်ဦး

အထက်မြန်မာပြည်

စစ်ကိုင်းမြို့မှ အထက်မြန်မာပြည်သို့ သွားရောက်ရန် လမ်းနှစ်သွယ်ရှိပြီး ပထမတစ်လမ်းမှာ ၄နာရီအကြာခရီးဖြင့်ဖြင့် ရွှေဘိုမြို့သို့ သွား‌ရောက်ရာလမ်းဖြစ်ပြီး ဒုတိယတစ်လမ်းမှာ ၅ နာရီအကြာခရီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့သို့သွားရာလမ်းဖြစ်သည်။ ထို့အပြင် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့သို့ သွားရန်လည်း စစ်ကိုင်း-ရွှေဘိုလမ်းကို အသုံးပြုရပြီး မီးရထား သို့မဟုတ် ကားဖြင့် သွားရောက်နိုင်သည်။ မုံရွာမြို့သို့သွားရာလမ်းနှင့် မုံရွာမြို့တွင်လည်း မြင့်မြတ်ပြီး နာမည်‌ကျော်စောလှသည့် ဘုရားပုထိုးများ၊ ဖိုဝင်တောင်တော်မြတ်၊ သမ္ဗုဒေဘုရား၊ ဗောဓိတစ်ထောင်နှင့် အမြင့်ရွာစသော နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်သည်။ 

ရှိမ်းမကား

ရှိမ်းမကားဘုန်းကြီးကျောင်းသည် သမိုင်းဝင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများမှ တစ်ကျောင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့တွင် တည်ရှိသည်။ တောထဲတွင် ကျောက်ဂူများ၊ ရှေးဟောင်းဘာသာရေးအဆောက်အအုံများဖြင့် တည်ရှိပြီး စစ်ကိုင်းမြို့မှ တစ်နာရီအကြာခရီးဖြင့် ရောက်ရှိနိုင်သည်။ ဝက်လက်ရွာနှင့် ဆက်စပ်လျက်ရှိသောနေရာတွင် ဧရာဝတီလင်းပိုင်များ ကျက်စားရာနေရာများဖြစ်ပြီး လာရောက်လည်ပတ်သူများအနေဖြင့် လင်းပိုင်များကိုသာမက ရှေး‌ဟောင်းဘုန်းကြီးကျောင်းကြီးများကိုပါ ဓါတ်ပုံရိုက်နိုင်ပြီး ခရီးစဉ်ကို  ဖြတ်သန်းနိုင်ပါလိမ့်မည်။ 

ရှိန်းမကားဘုန်းကြီးကျောင်း၌ ဓါတ်ပုံရိုက်နေသော မိန်းမငယ်တစ်ဉီး

မြို့ပြတစ်မြို့ကဲ့သို့ မကြီးမားသော်လည်း ကျယ်ဝန်းသော‌ကြောင့်စိတ်အေးအေးဖြင့် သွား‌ရောက်အနားယူရန် သင့်တော်သော မြို့တစ်မြို့လည်းဖြစ်ပေသည်။ 

စစ်ကိုင်းမြို့တွင် ဟင်းသီးဟင်းရွက်များသာ ဈေးသက်သာရုံသာမက သစ်သီးဝလံများလည်း ပေါများလှသည်။ စစ်ကိုင်းသီးဟု ပြောစမှတ်တွင်လောက်အောင်ပင် စစ်ကိုင်းမြို့၌ အခြားမြို့နှင့်အတူသော သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးဖြစ်ထွန်းသည်။ 

ထို့အပြင် စစ်ကိုင်းအိုးဟုနာမည်ထင်ရှားသော စစ်ကိုင်းမြို့မှထွက်သော စဥ့်အိုး၊ မြေအိုးများ၊ ကြိမ်ခုံ၊ ကြိမ်စားပွဲများမှ အစပြု၍ ကြိမ်နှင့်ပြုလုပ်သော အသုံးအဆောင်များသည်လည်း စစ်ကိုင်းမြို့၏ အထင်ကရ လက်မှုပညာ၊ လက်မှုပစ္စည်းများဖြစ်ကြပေသည်။ 

မန္တလေးမြို့သို့ လာရောက်လည်ပတ်သည်နှင့် တစ်ပြိုင်နက် မဝေးလှသော စစ်ကိုင်းမြို့ကလည်း လာရောက်ကြည့်ရှုလေ့လာရန်နှင့် ၎င်း၏အထင်ကရများသို့ သွားရောက်ရန် ဖိတ်ခေါ်နေလိမ့်မည် ဖြစ်ရာ သင့်အနေဖြင့် ဤစွဲမက်ဖွယ်ကောင်းလှသည့် စစ်ကိုင်းမြို့သို့ သွားရောက်လည်ပတ်ပြီး အမှန်တကယ်ကို သဘောကျနှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ 

ထူးမြတ်လှသော မုံရွာမြို့ရှိ လေးကျွန်းစင်္ကြာဘုရား 

 

မုံရွာမြို့ရှိ အနုပညာလက်ရာမြောက် သမ္ဗုဒ္ဓေဘုရား 

စာ‌‌ရေးသူ - Khem Mo

Posted
Jun 18, 2022