ကလေးဘဝအမှတ်တရများ
စာဖတ်သူအနေနဲ့ ငယ်ရွယ်စဉ်က ပျော်ရွှင်ခဲ့သော ကလေးဘဝရှိခဲ့ရဲ့လား။ ဘယ်လိုပဲ ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေပဲ ကြုံခဲ့ကြုံခဲ့ ကျွန်တော်တို့အားလုံးအတွက် မငြင်းနိုင်တဲ့အမှန်တရားတစ်ခုကတော့ ကလေးဘဝတွေက သူ့အရွယ်အနဲ့အလိုက် ဖြူစင်ရိုးရှင်းပြီး အပူအပင်ကင်းခဲ့တာပါပဲ။ အဲ့အကြောင်းအရာကိုလည်း အသက်ကြီးလာလေ၊ ကလေးဘဝရဲ့ အနှစ်သာရ၊ ရိုးရှင်းသောပျော်ရွှင်မှုကို ပိုနားလည်လာလေပါပဲ။
ကလေးဘဝ
အချိန်၊ နာရီ၊ နှစ်၊ လ၊ ရက်တွေ ကျော်လွန်ခဲ့ပြီး ကလေးဘဝနေ့ရက်များကို ပြန်မရနိုင်မှန်းသိကြသော်လည်း ချိုချဉ်လေးတစ်လုံး၊မုန့်လေးတစ်ခုလောက်ကပင်ကိုယ့်ကိုပျော်ရွှင်အောင်၊ပြည့်စုံအောင်လုပ်ပေးနိုင်ခဲ့လောက်အောင်အထိ ကျွန်တော်တို့ရဲ့ ကလေးဘဝတွေက အဲ့လောက်ထိကို အပြစ်ကင်း၊ ဖြူစင်ပြီး၊ ပျော်ရွှင်ခဲ့ရသော ကလေးဘဝရဲ့နေ့ရက်များကိုတော့ ကျွန်ုတေည်အားလုံး လွမ်းဆွတ်ကြသည်မှာ အမှန်ပေ။ အရွယ်ရောက်လာပြီး လူကြီးဘဝ၊ ရင့်ကျက်လာရမှုတွေရဲ့ ရက်စက်မှုတွေကို ပိုပြီးတွေ့လာရလေလေ ပြန်မရနိုင်တဲ့ ကလေးဘဝ နေ့ရက်တွေကို ပြန်လွမ်းဆွတ်မိလေလေ ဖြစ်လာကြရသည်။
ကလေးများ၏ ရိုးသားဖြူစင်းသောအပြုံးများ
လွမ်းဆွတ်ဖွယ်လူငယ်ဘဝ
ပြီးခဲ့တဲ့အပတ် အဝယ်တစ်ယောက်ရဲ့ အမှာကိုသွားပို့ရင်း မထင်မှတ်ဘဲ ငယ်ငယ်တုန်းကတက်ခဲ့တဲ့ မူလတန်းလွန်ကျောင်းရှေ့ကို ဖြတ်သွားခဲ့ရတယ်။ မီးပွိုင့်လဲမိနေရင်း ငေးမိငေးရာငေးရာက ကျောင်းဘက်ကိုလည်း အကြည့်ရောက်သွားခဲ့တယ်။ ယခုအချိန်တွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် Covid-19ရောဂါကြောင့်ကျောင်းတွေ များပိတ်နေကြသည်။ ထိုစဉ် ကျွန်တော် ငယ်ငယ်ကျောင်းတက်ခဲ့သော အမှတ်တရများက ချက်ချင်း စိတ်ထဲကို ဝင်လာပြီး လေးနက်သော အမှတ်တရများအဖြစ် ပြန်လည်နိုးထလာသည်။ ကျောင်းတွင် မည်သူမှမရှိခြင်းနှင့် ကောင်းကင်မှ ငှက်ကလေးတွေ ဖေဖော်ဝါရီ၊မတ်လတို့၏ ညနေခင်းတွေက ကျွန်တော်ရဲ့အတိတ်ကို ပြန်လည်နိုးကြားလာပြီး တသသ ဖြစ်စေသည်။ အားလုံးသိတဲ့အတိုင်း ဒီရာသီမှာတော့ ကျွန်တော့်ရဲ့ အတိတ်ကို ဘယ်လိုမှ ကူညီပေးလိုမရနိုင်ပါ။
ငယ်စဉ်ကလေးဘဝကို ပြန်လည် စဉ်းစားတဲ့အချိန်တွင် မုန့်တွေဆိုတာ ကလေးတွေအတွက် မရှိမဖြစ် မက်လုံးတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးတွေနဲ့ မုန့်တွေဆိုတာ ခွဲထားလိုမရနိုင်ပါ။ ကျွန်တော် တို့အားလုံးဒီနှစ်ခုရဲ့ ရင်းနှီးမှုကို သဘောပေါက်နားလည်သလောက် ဘယ်လိုဖော်ပြရမှန်းမသိပါ။ ဒီစာသည် ကျွန်တော်ငယ်ငယ်ကျောင်းတက်တုန်းက အစာအစာတစ်ချို့အကြောင်း တင်ပြသွားမည်ဖြစ်ပါသည်။
ကလေးဘဝရဲ့ဒေသစာများ
ခေါက်မုန့်
ခေါက်မုန့် မြန်မာရိုးရာအစားစာတစ်ခုဖြစ်သည်။ ချိုသောအရသာရှိပြီး မြန်မာနိုင်ငံရဲ့ နေရာအပေါ်မူတည် နည်းငယ်ကွဲပြားမှုရှိသည်။
ဆန်မုန့်ရေနှစ်ကို ဒယ်အိုးပူပေါ်သို့ထည့်၍ ခေါက်မုန့်လုပ်ရန် ပြင်ဆင်နေပုံ
ပါဝင်ပစ္စည်းနှင့် အမျိုးအစား
ခေါက်မုန့်အမျိူးအစား နှစ်မျိုးရှိသည်။ ပထမတစ်မျိုးသည် ထန်းလျက်ရည်ဖြင့် ပြုလုပ်ထားသည်ကို ရိုးရိုးလို့ ခေါ်ပြီး ၊ဒုတိယတစ်မျိုးသည် ကြက်ဉ (သို့မဟုတ်) ငှံးဉ ဖြင့် ထန်းလျက်ရည် ဖြင့် ပြုလုပ်ထားပါသည်။ ထို့မုန့်သည် အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့မရှိမဖြစ် ပါဝင်ပစ္စည်းများဖြစ်သော ဆန်မှုန့်နှင့် ထန်းလျက်ရည် အပေါ်အခြေခံပြီး အခြားသော ပါဝင်ပစ္စည်းများဖြစ်သော အုန်းသီး၊ ကြက်ဉ၊ ငှံးဉ၊ ထောပတ်နှင့် ဆီတို့ ပါဝင်သည်။
ငယ်ငယ်တုန်းက ခေါက်မှန့်သည် အိုးပေါ်တွင်ရှိနေချိန်တွင် သူ၏အနံသည် အခန်းများနှင့်အဆောက်ဉီးများစွာကို မွှေးကြိုင်လျက်ရှိသည်။ ကျောင်းခေါင်းလောင်းတီးသည် တစ်ပြိုင်နဲ့ ကျွန်တော်တို့ မုန့်ဆိုင်ကိုပြေးလွှားသွားပြီး မုန့်များကိုမှာစားကြသည်။ သင်သာ ပထမဆုံးဆိုင်ရောက်တာနဲ့ မှာယူလို့သည် မုန့်များကို နားချိန်အတွင်း ဝယ်ယူနိုင်သည်။ ခေါက်မုန့်သည် လမ်းဘေးမုန့်ဖြစ်တာကြောင့် ဈေးနှင့် ကျောင်းများ အရှေ့တွင် တွေ့နိုင်ပါသည်။ ယခုအခါတွင် ရောင်းချသူများသည် gas ဖြင့် ပြုလုပ်လာပြီး တစ်ချို့သည် မီးသွေးမီးဖိုဖြင့် မူလအရသာအတိုင်း ပြုလုပ်ကြသည်။
ဆန်မုန့်ရေပေါ်သို့ ထန်းညက်ရေလောင်းချ၍ ခေါက်မုန့်အချိုအတွက် ပြင်ဆင်နေပုံ
နောက်ဆုံးအဆင့်အတွက် အုန်းသီးဖြူးပြီး စောင့်ဆိုင်းနေပုံ
ရိုးရာဝါးဇကောကြဲပေါ်တွင် အနံ့များနှင့် ပြည့်စုံလှသော ခေါက်မုန့်များ တည်ခင်းထားပုံ
အားလူးကြော်
အားလူးကြော်သည် အများစုအိမ်မှာကြော်သော်လည်း ကျောင်းအရှေ့ကရောင်းသော အားလူးကြော်ကိုပိုပြီး နှစ်သက် ကြသည်။အချို၊ အစပ်၊ မာလာအားလူးကြော်ဆိုပြီး သုံးမျိုးရှိပါသည်။
ဆိုင်ရှင်သည် ကျောင်းချိန် ၂နာရီ အမြဲတမ်းလာပြီး ဆိုင်ကို ကျောင်းသားလူအုပ်ဘေးတွေ အမြဲတမ်းထားလေ့ ရှိသည်။ ကလေးများ ကျောင်းဆင်းအချိန်တွင် အသင့်စားနိုင်အောင် တစ်ချို့မိဘများသည် ကလေးတွေအတွက် ကြိုတင်ဝယ်လေ့ရှိကြသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဈေးသည်များသည် ထင်းမီးနဲ့အသုံးပြုပြီး မုန့်များရောင်းချလာပြီး ယခုအခါတွင် gas အိုဖြင့် အသုံးပြုလာကြသည်။ ကျောင်းဆင်းတဲ့အချိန်တွင် အားလုံးကြော်အနံလေးတွေက ကျွန်တော် တို့အတွက် ဝယ်စားဖို့အတွက် တွန်းအားဖြစ်စေသည်။
အချဉ်ပေါင်းသုပ် (သို့မဟုတ်) မောင်းမောင်းသည်
ကျွန်တော်တို့ မုန့်ဆိုင်တန်း ရောက်တဲ့အချိန်တွင် အသီးအသုပ်ရောင်းနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အသီးအသုပ်သည် အဓိကအားဖြင့် မိန်းကလေးများအတွက်ဖြစ်သည်။ မိန်းကလေးအများအစု သည် အချဉ်နှင့်အစပ် အသီးအသုပ်ကို ကြိုက်ကြသည်။ အသုပ်ဆိုင်သည် ကျောင်းချိန်တွင် အိပ်ချင်ပြေချင်သော ကျောင်းသူများ၊ ဆရာမများ၊ ရုံးဝန်းထမ်း များကြားတွင် နာမည်ကြီးသည်။
အချဉ်ပေါင်းသည်၏ အချဉ်လှည်းနှင့် အသီးသုပ်
အသီးသုပ်ကို ဝယ်သူအားပေးရန် ပြင်ဆင်နေပုံ
အဘယ်ကြောင့်ဆိုသော် နေ့အချိန်တွင် အိပ်ခြင်းသည် အဓိက ပြသာနာဖြစ်ပြီး အာရုံစိုက်ရန် ခက်ခဲစေသည်။ ကော်ဖီလိုမျိုးcaffeine ပါသောအရာများနှင့် အစပ်အစာစား စားခြင်းသည် ကျွန်တော်တို့ ပြန်လည်နိုး ကြားစေသည်။ Caffeine မကြိုက်သောသူတွေအတွက် အသီးအသုပ်သည် စားနိုင်ပြီး အသီးများသည် အချဉ်ဓါတ်ရှိတာကြောင့် မိမိစိတ်ကြိုက် အစုပ်များကိုထည့်နိုင်ပြီး အိပ်ချင်ပြေအောင် လုပ်နိုင်သည်။
မုန့်လက်ကောက်
ဈေးသည်များက မြန်မာရိုးရာအစာအစားတစ်ခုဖြစ်တဲ့ မုန့်လက်ကောက်ကို ဘယ်နေရာမဆို တွေ့နိုင်ပါတယ်။ Montဆိုသည်မှာ မြန်မာမုန့်လို့ခေါ်ကြပြီး Lat Kout ဆိုသည်မှာ လက်ကောက်နဲ့တူလို လက်ကောက်လို ခေါ်ခြင်းဖြစ်ပါသည်။ တစ်ချို့လူများက မုန့်လက်ကောက်ကို အလယ်မှာအပေါက်ရှိသောကြောင့် မြန်မာ ဒိုးနက်လိုခေါ်ခြင်းဖြစ်ပါသည်။
မြန်မာ့ရိုးရာ ဆန်မုန့်၊ ကောက်ညှင်းမှုန့်တို့ဖြင့် ကြော်ထားသော အကြော်စုံဗန်း
မုန့်လက်ကောက်သည် မြန်မာရိုးရာအစာစာဖြစ်တာနဲ့အညီ ဆန်မုန့်နှင့် ထန်းလျက်ခဲသည်အဓိက မရှိမဖြစ်ပါဝင် သည်။ ဈေးသည်သူ ဆန့်မုန်ကို လက်ကောက်ပုံစံဖြစ်အောင်ပြုလုပ်ပြီး ဆီပူပူနဲ့ ဒယ်အိုးထဲရှိပါသည်။ လက်ကောက်ပုံစံလေးပေါ်လာပြီး ထန်းလျက်ရည်ဖြင့် ဝယ်ယူနိုင်ပါသည်။ ရောင်းချသူအပေါ်မူတည်ပြီး မုန့်လက်ကောက်ကဲ့သို့သော ဒေသအစာစာများဖြစ်သော ငှက်ပျောကြော်နှင့် ပေါင်မုန့်ကြော်ကဲ့သို့သော အစာအစားများကိုတွေ့နိုင်ပါသည်။
အာသာပူစီ
ကလေးတွေရဲ့စိတ်ထဲတွင် ဈေးသည်များက မျက်လှည့်ပြသလိုမျိုး ထူးခြားသောအစားစာများကိုရောင်းချ နေခြင်းကို အာသာပူစီလို ထင်မှတ်ကြသည်။ တစ်ချိန်မှာတင် ကျွန်တော်တို့သည် စက်ပေါ်မှ ထွက်လာသော သကြားနဲ့ သေသပ်သောလှပသော အရောင်ဖြင့် ကျွန်တော်ငယ်ငယ်တုန်းက အမေက ဒီလိုမုန့်မျိုးကို ချောင်းဆိုသောကြောင့် စားဖို့ မခွင့်ပြုခဲ့ဖူးပါဘူး။ ခိုးစားတဲ့အသီးက ပိုချိုတယ်ဆိုသော စကားပုံနဲ့အညီ ကျွန်တော်ကျောင်းသားဘဝအတွက် အမေမသိအောင် စားရတဲ့အတွက် အာသာပူစီမုန့်သည် အရသာအရှိဆုံးမုန့်ဖြစ်သည်။
အခြားအစားအစာများ
တစ်ချို့သော ဈေးသည်များက အကင်များ ဟော့ဒေါ့နှင့် ကြာဇံကြော်တို့ကို ကျောင်းဆင်းချိန်တွင်ရောင်းလေ့ ရှိသည်။ ကျောင်းဆင်းချိန်တွင် သူတို့သည် ကိုယ်ပိုင်စတိုင်များနှင့် နာမည်ကြီးကြပြီး အရမ်းရောင်းရလေ့ရှိသည်။
အခြားသောမုန့်များသည် အိမ်တွင်ကြော်ပြီးအသင့်စားဖို့ အထုတ်များပြုလုပ်ထားခြင်းဖြစ်သည်၊၊ တစ်ချို့ကလေး များသည် အိမ်က အကင်နှင့်ဟော့ဒေါ့များကို စားခွင့်မပြုသောကြောင့် ထိုမုန့်များသည် ကလေးတွေကြားတွင် နာမည်ကြီးကြသည်။ တစ်ဖက်တွင် ဈေးသည်များသည် လမ်းပေါ်တွင် သူနေရာသူနှင့် သူကိုယ်ပိုင်စတိုင်များဖြင့် ရေခဲမုန့် ဟန်ဘာဂါ နှင့် အကြော်စုံ ဖက်ထုပ်ကြော်များကိုရောင်းချလေ့ရှိကြသည်။ ကျောင်းဆင်းချိန်တွင် အစားအစာများ ရွေးချယ်စရာများသော်လည်း ကျွန်တော်တို့တွင် လုံလုံလောက်လောက်မုန့်ဖိုးများမရှိကြပေ။
အပြစ်ကင်းသော ကလေးဘဝ၏ အပြုံးများ
၁၀မိနစ်လောက် ကားလမ်းကျပ်ပြီးစောင့်သောနေချိန်တွင် ကျွန်တော်တို့၏ ကျောင်းသားဘဝအမှတ်တရ များကိုပြန်လည်စဉ်းစားတွေးတောမိသည်။ ငယ်စဉ်ကျောင်းသားဘဝ၏ အမှတ်တရများကို တစ်ဖွဖွ မြင်ယောင်လာပြီး ကလေးဘဝရဲ့ပျော်ရွှင်ခြင်း ရိုးရှင်းခြင်းများကို ဘယ်လိုမျိုးဖော်ပြရမှန်းမသိတော့ပါ။
ကျွန်တော်၏ဈေးဝယ်သူအတွက် ပစ္စည်းပို့နေချိန်တွင် အာသာပူစီကိုရောင်းနေသည်ကို တွေ့ခဲ့ပြီး အိမ်အတွက် ဝယ်ခဲ့လိုက်သည်။ အချိန်နှင့်နှစ်တွေသည်ပြောင်းလဲသည်နှင့်အမျှ ဈေးနှုန်းများသည် အရင်တုန်းက ဝယ်ခဲ့သော ဈေးနှုန်းထက် ၁၀ဆလောက်ကွာဟကုန်သည်။ ထူးဆန်းစွာဖြင့် အရသာသည် စိတ်ခံစားနှင့် စိတ်အား ထက်သန်ခဲ့သော အချိန်တွေလောက် မချိုမြတော့ပါ။ ထိုချိန်တွင် “ပျော်ရွှင်ခြင်းသည် အချိန်အကန့်သတ်ဖြင့် သူအချိန်နဲ့သူ ရှိခြင်းဖြစ်သည်”ဆိုတာကို နားလည်သဘောပေါက်ခဲ့သည်။