ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အ နောက် တောင်ဘက်အခြမ်းတွင် တည်ရှိပြီး လူဉီးရေ ၆ သန်းကျော် နေထိုင်သော မြစ်ဝကျွန်းပေါ်ဒေသကြီး ဖြစ်ပါသည်။ ဧရာဝတီသည် ၎င်း၏ လတ်ဆတ်ပြီး အရသာရှိသော အစားအသောက်များကြောင့် ထင်ရှားသည်။ ထိုဒေသ ရောက်လျှင် အစားအစာများကို မြည်းစမ်းကြည့်ရုံသာမက အိမ်ပြန်လက် ဆောင်အဖြစ်လည်း ဝယ်သွားကြပါသည်။ သို့ဖြစ်ပါ၍  ဧရာဝတီတိုင်းမှ အရသာရှိသော အိမ်ပြန်လက် ဆောင် အစားအသောက်များကို ဖော်ပြလိုက်ရပါသည်။

ပုသိမ်ဟာလဝါ

ပုသိမ်မြို့သည် ဧရာဝတီတိုင်း၏ မြို့တော်ဖြစ်ပြီး ပုသိမ်မြစ်ကမ်းနားတွင် တည်ရှိသည်။ ၎င်းသည် အရောင်အသွေးစုံလင်သော ပုသိမ်ထီးများ ထုတ်လုပ်ရာ ပင်မ နေရာကြီးအ ဖြစ်ထင်ရှားသည်။ ပုသိမ်ဟာလဝါသည် မြို့၏ အထိကရ အစားအစာဖြစ်ပြီး ပင်မ ထုတ်လုပ်ရာ ဗဟိုဌာနကြီး ဖြစ်ပါသည်။ ကောက်ညှင်း၊ အုန်းသီး၊ ထောပတ် နှင့် သကြားတို့သည် အဓိက ပါဝင်ပစ္စည်းများ ဖြစ်ကြပြီး ဟာလဝါအစိုနှင့် အခြောက်ဟူ၍ နှစ်မျိုးရှိသည်။ ဟာလဝါ အ ခြောက်သည် အမည်းရောင် ဖြစ်ပြီး အစိုသည် ဆီရွှဲနေပေသည်။ နှစ်မျိုးလုံးသည် စေးကပ်ပြီး အရသာရှိလှသည်။ ဟာလဝါကို ပုသိမ်မြို့ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီး မင်မင်အနေဖြင့် ဤဆိုင်ကို ရွှေမြင်းပျံဆိုင်ကို ညွှန်းပေးချင်ပါသည်။ 

ပုသိမ်ဟာလဝါ

လပွတ္တာနှင့် ဝါးခယ်မမှ ပုစွန်ချဉ်နှင့် ငါးချဉ်

အဆိုပါ မြို့များရှိ ပုစွန်ချဉ်နှင့် ငါးချဉ်သည် ရှေးယခင် ကတည်းက ကျော်ကြားသည်။ ဧရာဝတီတိုင်းသည် ရေထွက်ပစ္စည်းများဖြင့် ကျော်ကြားသဖြင့် ပုစွန်ချဉ်နှင့် ငါးချဉ် များသည် အရသာရှိပြီး လတ်ဆတ်သည်။ ငါးချဉ်ကို ငါးနှင့် ထမင်းကို အချဉ် ဖောက်ထားပြီး ငှက်ပျောရွက်များဖြင့် ထုတ်ပြီး ပြုလုပ်ရသည်။ ၎င်းသည် မြည်းစမ်းသင့်သည် မြန်မာ့ရိုးရာ အစားအသောက်တစ်မျိုးလည်းဖြစ်ပါသည်။ ဤ အွန်လိုင်းဆိုင်မှလည်းမှာယူနိုင်ပါသည်။

ငါးချဉ်

ကျုံပျော်မြို့မှ ဂျင်းသုပ်

မြန်မာ့ဂျင်းသုပ်သည် ခေတ်အဆက်ဆက် မြန်မာ့တို့၏ ရိုးရာအစားအစာတစ်ခုဖြစ်သည်။ နေ့လယ်စာ စားပြီး သရေစာအဖြစ် စားလေ့ရှိသည်။ ဂျင်းသည် အစာခြေစနစ်အတွက် ကောင်းမွန်သော ဆေးဖက်ဝင်အစားအစာဖြစ်ပါသည်။ ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့နှင့် ၈၄.၁ ကီလိုမီတာ ဝေးသော ကျုံပျော်မှ ဂျင်းသုပ်သည် နာမည်ကြီးသော ဒေသထွက် အစားအသောက် ပင် ဖြစ်ပါသည်။ ဂျင်း၊ အကြော်စုံနှင့် လိုအပ်သော ပစ္စည်းအထုတ်လေးများပါဝင်သော အဆင်သင့် အစားအသောက်များကို အိမ်ပြန် လက်ဆောင် အဖြစ် ဝယ်ယူနိုင်ပါသည်။

ဂျင်းသုပ်

မော်ကျွန်းမြို့မှ ပုစွန် ခြောက်နှင့် ငါးခြောက်

မော်ကျွန်းမြို့သည် ပင်လယ်ရှိ ကျွန်းမြို့တစ်မြို့ ဖြစ်သဖြင့် ပင်လယ်စာများ လတ်ဆတ် ကောင်းမွန်ပါသည်။ ငါးခြောက်ပြုလုပ်သည့် အိမ်တွင်းလုပ်ငန်းများများစွာ တည်ရှိသည်။ ဒေသခံများသည် ငါးခြောက်ကို လေဟာပြင်တွင် နေပူလှမ်းပြီး နေနှင့် လေတို့၏ အကူဖြင့် သဘာဝအတိုင်း ပြုလုပ်ကြပါသည်။ ငါးဒန်ခြောက်နှင့် ပုစွန်ခြောက်များသည် ခရီးသည်များအကြားတွင် နာမည်ကြီးသော မော်ကျွန်းမြို့မှ အစားအစာများ ဖြစ်ကြသည်။ စာရေးသူအနေဖြင့် ငါးခြောက်၊ ပုစွန်ခြောက်များ ဝယ်ယူရန် ရဲဲရင့်အောင်ဆိုင်ကို ညွှန်းပေးချင်ပါသည်။

ငါးခြောက် လှမ်းထားပုံ

ညောင်တုန်းမြို့မှ ငှက်ပျောကြော်

ခရီးသွားများသည် ညောင်တုန်းမြို့ပြန် လက်ဆောင်ကို ငှက်ပျောကြော် ဝယ်လေ့ရှိပါသည်။ ညောင်တုန်းသည် ရန််ကုန်မြို့မှ ၆၆.၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ငှက်ပျောကြော်သည် အမှည့်ကြော်နှင့် အစိမ်းကြော်ဟူ၍ ရှိပါသည်။ အမှည့်ကြော်သည် အညိုရောင်အဝိုင်း ပုံသဏ္ဍာန်ရှိပြီး ပို၍ ချိုသည်။ အစိမ်းကြော်မှာ အရှည်ပုံသဏ္ဍာန်ရှိပြီး ဆိမ့်သော အရသာရှိသည်။ ၎င်းကို သေသပ်သော ထုတ််ပိုးမှုနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူ ရရှိနိုင်ပါသည်။ ညောင်တုန်းမြို့၏ အရသာရှိသော ဆိုင်များကို ရွေးချယ်ပေးရမည်ဆိုလျှင် “ကျား” ဆိုင်ကို ညွှန်းချင်ပါသည်။

ငှက်ပျောကြော်
ငှက်ပျောကြော်

မအူပင်မြို့မှ ပဲမုန့်

မအူပင်မြို့မှ ပဲမုန့်သည် နှစ်ပေါင်းများစွာကြာ နာမည်ကြီးလာသော အစားအသာက်တစ်ခုဖြစ်ပါသည်။ အကောင်းဆုံးဆိုင်မှာ ကျားမုန့်တိုက် ဖြစ်ပြီး အခြားမုန့်များဖြစ်သော ဆားငံမုန့်၊ ရွှေဖရုံသီးမုန့်တို့ကိုလည်းရရှိနိုင်ပါသည်။ မအူပင်၏ အရသာရှိလှသောမုန့်များကို မြည်းစမ်းသင့်ပြီး အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်သွားကြရန် တိုက်တွန်းလို ပါသည်။

ပဲမုန့်

ငွေဆောင်၊ ချောင်းသာ ကမ်းခြေများမှ သရက်တောထိုးမုန့်

ဧရာဝတီတိုင်းသည် ၎င်း၏ သာယာလှပသော ကမ်းခြေများကြောင့် ထင်ရှား ကျော်ကြားသည်။ ထို့ကြောင့် ခရီးသည်အများစုသည် ငွေဆောင်၊ ချောင်းသာသို့ သွားရောက်လည်ပတ်ကြသည်။ ခရီးမှ မပြန်မီ အိမ်ပြန်လက်ဆောင်များကို အဓိက ဝယ်ယူသည့် နေရာလည်းဖြစ်ပါသည်။ သရက်တောထိုးမုန့်သည် အလွန်အရသာရှိပြီး နာမည်ကြီးသော ကမ်းခြေပြန် လက်ဆောင်ဖြစ်ပါသည်။ ၎င်းသည် ချိုပြီး အရသာရှိသော ကောက်ညှင်းပြား ပါးပါးလေးဖြစ်ပါသည်။ သရက်တောထိုးမုန့်ကို မနက်ပိုင်းအဆာပြေ စားစရာအဖြစ် လည်းကောင်း၊ နေ့လယ် သရေစာအဖြစ် လည်းကောင်း စားနိုင်ပါသည်။ ခရီးသည်များအနေဖြင့် ငွေဆောင်နှင့် ချောင်းသာရှိ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူရရှိနိင်ပါသည်။

သရက်တောထိုးမုန့်

စာဖတ်သူအနေဖြင့် ဘယ်လိုအစားအစာမျိုးကို နှစ်သက်တတ်ပါသလဲ? စျေးနှုန်းချိုသာ၍ လတ်ဆတ်ပြီး အရသာရှိတဲ့ အစားအစာတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဧရာဝတီတိုင်းကို လာခဲ့ဖို့ ဖတ်ချင်ပါတယ်။ ဧရာဝတီတိုင်းရဲ့ အရသာရှိသော အစားအစာများကို ပိုမိုသိခဲ့ရင်လည်း MyLocalPassion မှာ လာရောက်ဝေမျှပေးဖို့ ဖတ်ခေါ်ပါတယ်နော်။ သင့်ရဲ့ထုတ်ကုန်ကို MyLocalPassion မှ စစ်မှန်စွာ ကြော်ငြာပေးမှာ ဖြစ်ပါတယ်။ 

Posted
Jul 6, 2022