ယနေ့ခေတ်တွင် လက်စွပ်၊ လက်ကောက်၊ လည်ဆွဲ၊ နားကပ် စသည့် လက်ဝတ်ရတနာများသည်  ဖက်ရှင်ကျလှပပြီး အသက်အရွယ်မရွေး မရှိမဖြစ် လိုအပ်သော အသုံးအဆောင်ရတနာများ ဖြစ်သည်။ ဒါကြောင့် ခေတ်မီဆန်းသစ်သော လက်ဝတ်ရတနာများကို ဖန်တီးပြုလုပ်နေတဲ့ မြန်မာနိုင်ငံက ရတနာဆိုင်များအကြောင်းကို မိတ်ဆက်ပေးလိုက်ရပါသည်။

မြန်မာ့ကျောက်မျက်ရတနာများ

မြန်မာနိုင်ငံတွင် အကောင်းဆုံး လက်ဝတ်ရတနာဆိုင်အများစုသည် ရန်ကုန်မြို့ရှိဗိုလ်ချုပ်အောင်ဆန်းဈေးတွင် တည်ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရွှေနှင့် ကျောက်မျက်ရတနာဆိုင်များ၊ အထည်ဆိုင်များကြောင့် နာမည်ကြီးသည်။ မြန်မာ့ကျောက်မျက်ရတနာကဏ္ဍသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုလည်းဖြစ်ပြီး အဓိကအားဖြင့် ရွှေငွေနှင့် ကျောက်မျက်ဟု ၂ ပိုင်းခွဲခြားနိုင်သည်။ 

ကျောက်မျက်ရတနာ

ကျောက်စိမ်း၊ နီလာ၊ ပုလဲနှင့် ပတ္တမြားကဲ့သို့သော အဖိုးတန်ကျောက်မျက်ရတနာများကို ရှေးပဝေသဏီကတည်းက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ပြီး ယခုအချိန်ထိ အဆိုပါ အဖိုးတန်ကျောက်များကို မြန်မာနိုင်ငံတွင် တူးဖော်နေဆဲဖြစ်သည်။

ရွှေငွေရတနာ

မြန်မာနိုင်ငံကို ‌”Golden Land” ဟုတင်စားခေါ်ဆိုကြပြီး ရှေးယခင်မှ ယခုခေတ်တိုင် မြန်မာလူမျိူးအများစုသည် လူတစ်ဦး၏ ကြွယ်ဝချမ်းသာမှုကို ထိုသူ၏ ရွှေလက်ဝတ်ရတနာများနှင့် တိုင်းတာကြသည်။ ငွေကို ပန်းကန်လုံး၊ အသုံးအဆောင်များ၊ ဒင်္ဂါးများ၊ လက်ဝတ်ရတနာစသည်ဖြင့် အမျိုးမျိုးပြုလုပ်ရန် ရှေးပဝေသဏီကတည်းက အသုံးပြုခဲ့ကြသည်။

Street gemstones market in Yangon
ကျောက်မျက်ရတနာများ ရောင်းချခြင်း

တမူထူးခြားသည့် ရတနာဆိုင်များ

ယခုအချိန်တွင် ဒီဇိုင်နာ လက်ဝတ်ရတနာ အမှတ်တံဆိပ်များစွာသည် ၎င်းတို့၏ ကိုယ်ပိုင် Brand အအဖြစ် ဒီဇိုင်းများကို ဖန်တီးကာ ရွေးချယ်စရာများစွာ ပိုမိုရောင်းချရန် အဆိုပါ သဘာဝအရင်းအမြစ်များကို အသုံးပြုလာကြသည်။ ခေတ်မီနှင့် ရိုးရာစတိုင်များနှင့် ပေါင်းစပ်မှုသည် အမှန်တကယ် လှပသေသပ်သော လက်ဝတ်ရတနာ ဖြစ်စေပါသည်။ 

မြန်မာနိုင်ငံတွင် ရွှေဆိုင် ပေါများသော်လည်း မြန်မာတို့၏ ဖန်တီးမှုပုံစံနှင့် မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးပြနိုင်သည့်  ဒီဇိုင်းများ ထုတ်လုပ်နိုင်သော ထူးခြားသည့်ဆိုင်အချို့ရှိပါသည်။ ၎င်း ဆိုင်များကတော့ 

၁။ PADI Jewelry

ထုတ်ကုန် - Necklaces, Earrings, Bracelets, Rings

ကုန်ကြမ်း - ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြား၊ Amber, Amethyst

ကချင်ရိုးရာပုံစံကို မှီငြမ်းထုတ်လုပ်ထားသည့် သီးသန့်ဒီဇိုင်းများသည် PADI ၏ ထူးခြားချက်တစ်ခုဖြစ်ပါသည်။ မြန်မာ့ရိုးရာ လက်လုပ်လက်မှုပညာများနှင့် ခေတ်မီသော အာရုံခံစားမှုများဖြင့် ပေါင်းစပ်ထားသည့် လက်ရာများဖြစ်ပါသည်။ အလွန်ကောင်းမွန်သည့်အချက်မှာ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပြည်တွင်းဒေသထွက်ပစ္စည်းများကို သက်ဆိုင်ရာဒေသမှ လက်မှုပညာရှင်များမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ 

PADI တွင် “Maka”၊ “Fall color edition” ဟု အမည်ပေးထားသည့် Collection များနှင့်ဝန်ဆောင်မှုအချို့ရှိသည်။ စိတ်ကူးများကို လက်မှုပညာဖြင့် ပုံဖော်ကြသည်။ စိတ်ကြိုက် ဒီဇိုင်း၊ ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် ပေါင်းစပ်ထားသော မြန်မာ့ရိုးရာဓလေ့ကို နှစ်သက်သူတိုင်း ရွေးချယ်ဝယ်ယူသင့်ပါသည်။

PADI Jewelry ၏ MAKA Collection
PADI Jewelry နားဆွဲ
PADI Jewelry ပတ္တမြားဘယက်

၂။ Eden Jewelry

ထုတ်ကုန် - Necklaces, Earrings, Bracelets, Rings, Accessories 

ကုန်ကြမ်း - ရွှေ၊ ငွေ၊ ပုလဲ၊ Stainless steel၊ ပုတီး၊ ကျောက်၊ သားရေ

ရန်ကုန်မြို့တွင် တည်ရှိပြီး ၎င်း၏ အတုမရှိသော ဒီဇိုင်းများကြောင့် လူသိများသည်။ Eden ၏ ဒီဇိုင်းများသည် အရောင်အသွေးစုံလင်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့်အတူ အမြဲရှိနေပါသည်။ "သင်တို့၏ဝယ်ယူမှုတစ်ခုစီတိုင်းမှ အကျိုးအမြတ်များသည် လူကုန်ကူးခံရသည့်အမျိူးသမီးများထံ ရောက်ရှိရန်၊ ကယ်တင်ရန်နှင့် ပြန်လည်ထူထောင်ရန်အတွက် အသုံးပြုပါသည်" ဟု အဆိုပြုထားသည့်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

"Time to Raise" စုစည်းမှုသည် လင်းယုန်ငှက်အဖြစ် သတ္တိရှိရှိ လွတ်မြောက်ပြီး သတ္တိရှိရှိ လွတ်မြောက်အောင် ပျံသန်းခဲ့သော မိန်းကလေး "ဟောင်အန်း" မှ စိတ်ကူးပုံဖော်ထားသည့် ဒီဇိုင်းဖြစ်သည်။ "Time to Speak Up" ထုတ်ကုန်များစုစည်းမှုသည် သင့်အား သင်၏အကြံဥာဏ်များကိုပြောဆိုရန်၊ သင့်လမ်းကြောင်းများကို လျှောက်လှမ်းရန် တွန်းအားပေးမည်ဖြစ်ပြီး "Long Lost Precious” စုစည်းမှုသည် လွတ်လပ်မှုကို ခံစားပြီး အိမ်သို့ ပျံသန်းရမည့် အချိန် ကိုဖော်ညွှန်းသည့် ဘဝဇာတ်လမ်းကို ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ ထို့အပြင်၊ "Walk on water" ထုတ်ကုန်များစုစည်းမှုသည် သုံးစွဲသူများကို စိတ်လှုပ်ရှားဖွယ်ရာ၊ လန်းဆန်းမှုနှင့် ယုံကြည်မှုအပြည့်ရှိသော ခံစားချက်များကို ပေးစွမ်းနိုင်သည်။

Eden ၏ ထုတ်ကုန်များသည် အမျိုးသမီးများ စွမ်းဆောင်နိုင်မှု၏ ဂုဏ်ကျက်သရေ အမှတ်တံဆိပ်ကို ကိုယ်စားပြုရုံသာမက လှပပြီး ကောင်းမွန်စွာထုတ်လုပ်ထားသော လက်လုပ်ပစ္စည်းများကို ဖြစ်သောကြောင့် ဝယ်ယူဝတ်ဆင်ရန် အလွန်ထိုက်တန်ပါသည်။ စျေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၁၅ မှ ၆၀ ခန့်ရှိသည်။ အပေါ်ယံပိုင်းမှာ ဆန်းသစ်တိကျပြီး ငါးနှစ်အထိ ကြာရှည်ခံနိုင်ပါတယ်။

ဖန်စီချစ်သူများအတွက် Eden Jewelry သည် ၎င်း၏နောက်ကွယ်မှ ဇာတ်လမ်း၊ ၎င်း၏ရည်ရွယ်ချက်နှင့် ဝန်ဆောင်မှုများက ဝယ်ယူအသုံးပြုမှုကို ပိုမိုအဓိပ္ပါယ်ရှိလာစေစေပါသည်။ Eden Jewelry သည် ငွေပေးချေမှုများပြုလုပ်နိုင်ပြီး အချို့သောဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုများနှင့် ဒီဇိုင်းများကို ရွေးချယ်နိုင်သည့် အွန်လိုင်းစတိုးတစ်ခုရှိသောကြောင့် ၎င်းတို့သည်သည် နိုင်ငံတကာစျေးကွက်မှ ဝယ်ယူနိုင်သော ဆိုင်လည်းဖြစ်သည်။

Wrapped in Love Necklace
Wrapped in Love Necklace
Seek Justice Bangle
Seek Justice Bangle bracelet
Desert Sunrise Pendant
Desert Sunrise Pendant Necklace


၃။  Ma Ma the Jeweller

ထုတ်ကုန် -Necklaces, Earrings, Bracelets, Rings

ကုန်ကြမ်း - ‌ရွှေ၊ ပတ္တမြား၊ ပုလဲ၊ စိန်၊ Amthyst အစရှိသည်ဖြင့် .. 

ယခုဆိုင်ပိုင်ရှင်သည် သူမကိုယ်တိုင်ကလည်း လက်ဝတ်ရတနာကို နှစ်သက်တဲ့ မိန်းကလေးဖြစ်ပြီး ဖက်ရှင်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘယ်လိုဝတ်ရမလဲဆိုတာ အကြံဉာဏ်ပေးတာမျိုး အစရှိတဲ့ ဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်ပါသည်သည်။ မြန်မာနိုင်ငံတွင် အရည်အသွေး ကောင်းမွန်သော ရှားပါးကျောက်များကို လက်ရာသေသပ်သော ရွှေပန်းထိမ်ဆရာများမှ ဖန်တီးထားပြီးချိုသာသောစျေးနှုန်းဖြင့် လှပသေသပ်သော ဒီဇိုင်းများကို ဝယ်ယူနိုင်ပါသည်။

 

Earings from Ma Ma Jeweler
Earrings by Ma Ma the Jeweler
Locket by Ma Ma the Jeweler
Ring by Ma Ma the Jeweler

၄။ Chit Par Jewelry

ထုတ်ကုန် - Necklaces, Earrings, Rings, Lockets

ကုန်ကြမ်း - ပတ္တမြား၊ လကျောက်၊ Spinel

Classy Jewelry သည် အမျိုးသမီးများအတွက်ဖြစ်သော်လည်း charming Jewelry သည် မိန်းကလေးများအတွက် လိုအပ်ပါသည်။ "ချစ်ပါ" အမည်ရှိ လက်ဝတ်ရတနာများကို ဝတ်ဆင်သူသည် အခြားသူများမှ အာရုံစိုက်မှုကို ရရှိစေပါသည်။ လူငယ်များအတွက် ခေတ်မီဆန်းသစ်သော ဒီဇိုင်းများစွာရှိပြီး တစ်ချိန်တည်းမှာပင် ရင့်ကျက်သူများအတွက်လည်း နုပျိုသည့် ခံစားချက်ရရှိစေနိုင်သည်။ ဒီဇိုင်းများ အလွန်လှပပြီး သင့်တင့်သော ဈေးနှုန်းများ ရှိသည်။ ဆွဲသီး၏ ဒီဇိုင်းများသည်လည်း အလန်းစားဖြစ်သည်။ Classy rings များသာမက ခေတ်မီသည့်ထုတ်ကုန်များသည် “Chit Par” ၏ အားသာချက်များဖြစ်သည်။ လူတိုင်းသည် Chit Par Jewelry နှင့် တောက်ပသောနေ့ရက်များကို ရရှိကြမည်မှာ သေချာပါသည်။

Necklace from Chit Par Jewelry (photo credited: Chit Par Jewelry)
Necklace by Chit Par Jewelry
Earrings by Chit Par Jewelry
Ring by Chit Par Jewelry

ပြည်တွင်းဖြစ်ကို အားပေးပါ

ဤဆိုင်များမှ ဝယ်ယူခြင်းသည် ဒေသတွင်းစီးပွားရေးနှင့် လက်မှုပညာကို ကူညီ ပံ့ပိုးခြင်းဖြစ်ပါသည်။ ဒါကြောင့် နောက်တစ်ကြိမ် လက်ဝတ်ရတနာတွေကို ဝယ်တဲ့အခါ ဒီမြန်မာ့အမှတ်တံဆိပ်တွေကို ထည့်စဉ်းစားဖို့ မမေ့နဲ့နော်။

အကယ်၍ သင်သည် ရင်းနှီးမြုပ်နှံသူ သို့မဟုတ် ကျောက်မျက်ရတနာ စုဆောင်းခြင်းကို ဝါသနာပါသူဖြစ်ပါက ဤမြန်မာ့ထုတ်ကုန် ရတနာဆိုင်များကို စစ်ဆေးကြည့်ရန် အကြံပြုလိုပါသည်။ လက်ဝတ်ရတနာဆိုင်များး၏ အံ့သြဖွယ်လက်ရာများ၊ ဝန်ဆောင်မှုများ ကို အပြည့်အဝခံစားလိုက်ပါ။

စာရေးသူ - Nzi

Posted
May 18, 2022