ကလုံးထာကျေးရွာသည် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် တွင် တည်ရှိပါသည်။  ကလုံးထာကျေးရွာသည် တောင်တန်း၊ စမ်းချောင်း၊ မြစ်၊ ရေတံခွန်၊ ရေပူစမ်း၊ စသည့်သာယာလှပ‌သောတောတောင်၊ရေမြေသဘာဝရှုခင်းများနှင့်ပြည့်နှက်နေ  သည့် ရွာလေးတစ်ရွာဖြစ်ပါသည်။ ကလုံးထာကျေးရွာသည်   လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က ကရင်တိုင်းရင်းသား ဦး‌ကော်လာထိုးတို့မိသားစုစတင်‌နေထိုင်ရာမှ ဖြစ်တည်လာသည်ဟု ရှေးခေတ်အဆက်ဆက် ပြောဆိုမှုများအရ သိရှိရပါသည်။ စတင်နေထိုင်ခဲ့သူ ဦးကော်လာထိုးအား အစွဲပြု၍ ရွာအမည်ကို "ကော်လာထိုး" မှ "ကလုံးထာ" ဟုအမည်ခေါ်တွင်လာပါသည်။ 

     ကလုံးထာကျေးရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာပံ့ပိုးမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။  ကလုံးထာ CBT ၏ရည်ရွယ်ချက်မှာ  ဒေသတွင်း ခရီးသွားကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်း လူနေမှုဘဝဖွံဖြ်ိုးတိုးတက်စေရန်အတွက် ဖြစ်ပါသည်။

ကလုံးထာ(CBT)ကိုဘယ်လိုသွားနိုင်မလဲ

    ကျွန်တော်တို့သည် ထားဝယ်မှ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာသို့ ၁နာရီခန့်ကြာသွားရသည်။   ဆိုင်ကယ်၊  ကားတို့ဖြင့်လည်း လွယ်ကူစွာသွား၍ရပြီး လမ်းတစ်လျှောက်တွင်  ပတ်ဝန်းကျင်၏ သဘာဝအလှတရားများကိုခံစားနိုင်ပါသည်။ ။ နိုင်ငံခြားသားဧည့်သည်များသည်  အငှားကား ၊ သုံးဘီး၊ ဆိုင်ကယ်ဝန်ဆောင်မှုနဲ့ သွားရောက်လည်ပတ်ကြပါသည်။ထို့အပြင် ထားဝယ်ရှိဒေသတွင်း ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်း ကလုံးထာ CBT သို့ သွားရောက်လည် ပတ်နိုင်ပါသည်။ တစ်ချို့နိုင်ငံခြားသားများကလည်း ထားဝယ်-ထီးခီးဂိတ် (ထိုင်းနယ်စပ်ဂိတ်) မှတစ်ဆင့် CBT Site သို့လာရောက်လည်ပတ်နိုင်ပါသည်။ ကလုံးထာ CBT Program သည် တစ်ရက်တာခရီးစဉ်အဖြစ် ဒေသခံလူအများ၏ဘဝကို ထိတွေ့ခံစားနိုင်သည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။  ထားဝယ်မှ 

.

CBT မှ ဧည့်ခံသောနေ့လည်စာ (ဓာတ်ပုံ - အောင်ကျော်သက်)

ကလုံးထာ CBT site တွင် ပြုလုပ်နိုင်သော Activities များ 

 ကလုံးထာ CBT site တွင်ခရီးသွားများနှင့် နိုင်ငံခြားသားများအနေဖြင့် ရွာသို့ဝင်လာရာလမ်းတလျှောက်တွင် သာယာလှပသော တောတောင်ရေမြေ၊ သဘာဝရှုခင်းများကို အပြည့်အဝခံစား နိုင်ပါသည်။  CBT ခရီးစဉ်အစတွင် ကလုံးထာဘုန်းကြီးကျောင်းသို့ သွားရောက်လည်ပတ်ရမည်ဖြစ်သည်။ ထို့အပြင် ပရဆေးဥယျာဉ်သို့သွားရောက်လည်ပတ်ခြင်း၊ တောတွင်းခရီးတိုလမ်းလျှောက်ခြင်းတွင် ကျေးငှက်သာရကာများ၏အသံများကို နားစွင့်ခံစားနိုင်ခြင်း၊ စမ်းချောင်းနံဘေးတွင် နေ့လည်စာစားခြင်း၊ရေကူးခြင်း၊ ရေပူစမ်းသို့လည်ပတ်ခြင်းနှင့် တွင် ကျန်းမာရေးနှင့်ညီညွတ်သော ဒေသထွက်မုန့်နှင့်သဘာဝဖျော်ရည်များသုံးဆောင်ပြီး (ရေချိုး ၊Foot Spa) အနားယူခြင်းနှင့် ဒေသထွက်လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွင် လည်ပတ်ပြီး ဝယ်ယူအားပေးခြင်းတို့ကိုပြုလုပ် နိုင်ပါသည်။ 

ကလုံးထာ ကျေးရွာတွင်လည်ပတ်နိုင်သောနေရာများ

ဘုန်းကြီးကျောင်း

ကလုံးထာ‌ကျေးရွာရှိ လူအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ထိုဘုန်းကြီးကျောင်းင်ကို ၁၉၄၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကျောင်း၏ သက်တမ်းသည် နှစ် ၁၀၀ ခန့်ရှိပြီး   ရှေးခေတ်ထားဝယ် လက်ရာများအတိုင်း တည်ဆောက်ထားပါသည်။   ခရီးသွားဧည့်သည်တစ်ချို့က ယောဒေသရှိ ဘုန်းကြီးကျောင်းနှင့် ဆင်တူသည်ဟုလည်း   ပြောစမှတ်ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင် CBT ကြိုဆိုရေးစင်တာ တည်ရှိပါသည်။ ။ ခရီးသွားဧည့်သည်များသည် ဘုန်းတော်ကြီးကျောင်းတွင် ဝါး၊ အုန်းမှုတ်ခွက်ဖြင့်ပြုလုပ်သော လက်လုပ်မီးအိမ်၊ ခွက်များကိုလည်း လေ့လာနိုင်ပါသည်။

ကလုန်းထာ ဘုန်းကြီးကျောင်း (ဓာတ်ပုံ - အောင်ကျော်သက်)

ပရဆေးဥယျာဉ််

ကလုံးထာကျေးရွာတွင် ပရဆေးဥယျာဉ်ကို ထားဝယ်တက္ကသိုလ် ရုက္ခဗေဒဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရွာသူရွာသားများ၏ စိုက်ခင်းအသိပညာဖြင့်   ပရဆေးဥယျာဉ််ကို စိုက်ပျိုး ဖွင့်လှစ်ခဲ့ပါတယ်။ ခရီးသွားဧည့်သည်များသည် CBT site မှ ဒေသခံဧည့်လမ်းညွှန်၏ ရှင်းလင်း ချက်ဖြင့် ဆေးဥယျာဉ်အတွင်းရှိ ပျိုးပင်များ၏  အာနိသင်နှင့် အသုံးဝင်ပုံကို လေ့လာနိုင်ပါသည်။ ဥယျာဉ်ရှိ အပင်အချိုသည် မျက်နှာနှင့် ခန္ဓာကိုယ် အလှအတွက် အသုံးပြုနိုင်သကဲ့သို အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်၊ လေးဖက်နာ၊ အနာစိမ်း၊ ယားယံခြင်းများကို သက်သာပျောက်ကင်းနိုင်သောကြောင့် ကျန်းမာရေး အထောက်အကူပြုရာတွင် အသုံးပြုနိုင်ပါသည်။ 

ရေပူစမ်း

   ရေပူစမ်းဟာ သဘာဝအတိုင်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကလုံးထာရွာတွင် တည်ရှိနေခဲ့သည်မှာ ရေပူချောင်းအသွင်သာဖြစ် သည်။ သဘာဝအလျောက် ချောင်းတိမ်ကောလာမည် ကိုစိုးရိမ်သဖြင့် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဆောင်၍ ကန်အသွင်ပြောင်းလဲဖန်တီးခဲ့ကြပါ သည်။ ရေပူချောင်းနှင့်အနီးကပ်ရှိသော ရေချိုရေ အေးချောင်း ခမ်းခြောက်သော်လည်း ရေပူချောင်း လုံးဝခမ်းခြောက်သွားခြင်းမရှိသည်မှာ ထူးခြားမှုတစ် ရပ်ပင်ဖြစ်သည်။ ရေခမ်းခြောက်သွားခြင်းမရှိသော ကြောင့် ရေပူစမ်းကို တစ်နှစ်ပတ်လုံးအသုံးပြု နိုင်ပါသည်။ ထိုရေပူစမ်းမှ ရေပူသည် အဆစ် အမြစ်ရောင်ရောဂါ ကဲ့သိုသောရောဂါများကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းသတ္တိရှိသည်ဟု ကျေးရွာနှင့် အနီးနားကျေးရွာများမှ ဒေသခံများက ယုံကြည်ကြပါတယ်။ CBT အသုံးပြုသော ခရီးသွားဧည့်သည်များသည် ရေပူစမ်းတွင် ရေပူနှင့် ရေချိုးခြင်း၊ ခြေထောက်ရေစိမ်ခြင်းနှင့် CBT မှ ဧည့်ခံကျွေးမွေးသော ဒေသထွက်မုန့်နှင့် သဘာဝအော်ဂဲနစ် ဖျော်ရည်များကို သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ ထိုအပြင် ‌ရေပူစိမ်းရှိ ဒေသထွက်အမှတ်တရပစ္စည်းဆိုင်တွင် အော်ဂဲနစ်ကော်ဖီဆပ်ပြာများ၊ ပန်းဆပ်ပြာများနှင့် အသားဖြူနူးညံ့စေသော ကသစ်ဖု (သနပ်ခါး အခေါက်) တိုကို ဝယ်ယူအား‌ပေးနိုင်ပါသည်။ ကလုံးထာ CBT ခရီးစဉ်သည် ရေပူစမ်းတွင် အပန်းဖြေနားယူရင်း အဆုံးသတ်ပါသည်။

Studying Herbage in the Garden (Photo credit from Aung Kyaw Thet)

ဥယျာဉ်တွင် ဆေးအပင်များ လေ့လာနေပုံ (ဓာတ်ပုံ - အောင်ကျော်သက်)

                                                                                    ရေပူစမ်းတွင် ခြေတောက် Spa ဝန်ဆောင်မှု (ဓာတ်ပုံ-သူသူ)

ကလုံးထာကျေးရွာသည် တောတောင်၊ ရေမြေသဘာဝရှုခင်းများနှင့်ပြည့်နှက်နေပြီး သဘာဝသယံဇာတလည်းထွက်ရှိသော ရွာလေးဖြစ်ပါသည်။ ရွာသူရွာသားများသည် ‌တောင်ယာစိုက်ပျိုးခြင်းနှင့် ခဲ(သတ္တု)ကျင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ပြီး အလွန်နွေးထွေးပျူငှာမှုရှိပါသည်။ ထိုကြောင့် တောတောင်သဘာဝကို ချစ်မြတ်နိုးသောသူများသည် ကလုံးထာကျေးရွာသို တစ်ခေါက်လောက်အလည်သွားသင့်သည်ကို အကြံပြုချင်ပါသည်။

     

Posted
May 17, 2022